အဆိုတော်သရုပ်ဆောင်နန်းစုရတီစိုးတစ်ယောက် အဖြူရောင်သတို့သမီးဝတ်စုံလေးနဲ့ ကျက် သရေရှိရှိလှပနေပါတယ်။ သူမဟာPhoto Shootingတစ်ခုအတွက်သတို့သမီးဝတ်စုံ လေး ဝတ်ကာ ရိုက်ကူးပေးနေတာဖြစ်ပါတယ်။ အရမ်းကိုလှပပြီး ကျက်သရေရှိတဲ့ မြန်မာ သတို့သမီးဝတ်စုံအဖြူလေးနဲ့ သူမကတော့အရမ်းကိုလိုက်ဖက်လွန်းနေပါတယ်။ ချစ်စရာ ကောင်းတဲ့အပြုံးလေးတွေက သူမရဲ့အလှကို ပိုမိုပေါ်လွင်စေပါတယ်။ ဝတ်စုံလေးရဲ့အလှနဲ့ သူမရဲ့အလှက ကိုက်ညီပြီးတကယ့်ကို လှပပြီးကျက်သရေရှိနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက သူမရဲ့အမွှာတူလေးနှစ်ယောက်ရဲ့ ငါးနှစ်ပြည့်မွေးနေ့ပွဲကိုသူမ ဆုတောင်းပေးခဲ့ပါသေးတယ်။ ချစ်စရာကောင်းတဲ့တူလေးတွေကို ပိုင်ဆိုင်ထားတဲ့ ချစ်စရာ ကောင်းတဲ့အဒေါ်တစ်ယောက်ပါပဲ။ သူမရဲ့ချစ်သူကလည်း သူမခရီးသွားနေတဲ့ ကာလတိုလေး မှာ နေမကောင်းဖြစ်တဲ့ သူမအတွက် ကြည်နူးစေမယ့် အချစ်စာလွှာလေးတွေကိုပို့ကာ ကြင် နာဂရုစိုက်မှုတွေနဲ့ သူမရဲ့ရောဂါတွေကို သက်သာစေခဲ့ပါတယ်။ အရမ်းကို Romantic ဆန် လွန်းတဲ့ အချစ်ရေးလေးကို သူမကပိုင်ဆိုင်ထားတာမို့ သူမရဲ့အချစ်ရေးဟာ ပျော်ရွှင်စရာ တွေနဲ့ ပြည့်နှက်နေပါတယ်။

မြန်မာအမျိုးသမီးတစ်ယောက်ဟာ မြန်မာ့ရိုးရာဝတ်စုံလေးနဲ့ဆို အလိုလိုကို ကျက်သရေရှိပြီး လှပနေတာပဲဖြစ်ပါတယ်။ နန်းစုရဲ့အလှဟာ ဒီဝတ်စုံလေးနဲ့ ပိုမိုပြီးတင့်တယ်သွားသလိုပါပဲ။ သူမနဲ့သတို့သမီးဝတ်စုံအဖြူလေးတွေနဲ့ ဘယ်လိုလိုက်ဖက်ပနံတင့်နေတယ်ဆိုတာကို ပရိတ် သတ်ကြီးကိုလည်းမြင်တွေ့စေချင်ပါတယ်။ နန်းစုရဲ့နန်းဆန်တဲ့အလှအပတွေကို ကြည့်ရှုခံ စားစေနိုင်ဖို့ သူမရဲ့လှပပြီး ကျက်သရေရှိတဲ့ သတို့သမီးဝတ်စုံအဖြူလေးကိုဝတ်ဆင်ထားတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။