စိတ်ဆိုး ဒေါသထွက်နေတဲ့ ဆန္ဒပြသူ ရာပေါင်းများစွာ ဟာ သမ္မတ ထရန့် ဖိလစ်ပိုင် ကို လာရောက်တဲ့ ခရီးစဉ်ကို ကန့်ကွက်ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ဟာ သမ္မတ ထရန့်ကို ဆန္ဒပြဖို့ အမေရိကန် သံရုံးကို သွားရောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ကို မီးသတ်ပိုက် နဲ့ ပတ်ပြီး နှိမ်နင်းခြင်းကို ခံခဲ့ရပါတယ်။ ဆန္ဒပြသူ တွေဟာ မီးသတ်ပိုက်နဲ့ ပတ်တာခံခဲ့ရတာကြောင့် တစ်ကိုယ်လုံး စိုရွှဲခဲ့ကြရပါတယ်။

ဆန္ဒပြသူ ရာပေါင်းများစွာ ဟာ သမ္မတ ထရန့် နဲ့ အမေရိကန် ရဲ့ ကိုလိုနီ နယ်ချဲ့စနစ်ကျဆုံးဖို့ ပိုစတာများ ကိုင်ဆောင် ကြွေးကြော်ကာ အပြင်းအထန် ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ကို ရဲတပ်ဖွဲ့က ဒိုင်းတွေ၊ မီးသတ်ပိုက်တွေ နဲ့ ပစ်ခတ်ပြီး ပိတ်ဆို့ခဲ့ပါတယ်။ အသက် ၁၈ နှစ် ရှိပြီဖြစ်တဲ့ Alexis Danday ဆိုသူ ဆန္ဒပြသူ တစ်ဦးက “ထရန့် ဟာ အမေရိကန် ကိုလိုနီ နယ်ချဲ့စနစ် ကို ဦးဆောင်သူ တစ်ဦးဖြစ်တယ်။ သူဟာ မမျှတ တဲ့ စာချုပ်တွေ ချုပ်ဆို ဖို့ ဖိလစ်ပိုင်ကို ဖိအားပေးဖို့ ရောက်လာတာ ဖြစ်တယ်” လို့စွပ်စွဲ ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ထရန့်ဟာ အာဆီယံ အဖွဲ့ ရဲ့ အနှစ် ၅၀ ပြည့် အထိမ်းအမှတ် Gala ပွဲကို တက်ရောက်ဖို့ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေခဲ့တာပါ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေး က သမ္မတ ထရန့် ကို ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။ သမ္မတ ထရန့်ဟာ ဖိလစ်ပိုင် ရိုးရာ Barong ၀တ်စုံကို ၀တ်ဆင်ထားပါတယ်။ ဒူတာတေး နဲ့ ထရန့်တို့ လက်ဆောင်ပစ္စည်းတွေ လည်း အပြန်အလှန် ပေးခဲ့ကြပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။