မော်ဒယ်သရုပ်ဆောင်မေပန်းချီတစ်ယောက် ကလောမြို့ကိုအလည်သဘောရောက်ရှိနေတာ ပဲဖြစ်ပါတယ်။ ကလောမြို့ရဲ့အလှအပရှုခင်းတွေက လည်ပတ်သူတွေအတွက် ဓာတ်ပုံမရိုက် ပဲမနေ နိုင်လောက်အောင် ဆွဲဆောင်မှုတွေပြင်းလွန်းလှတဲ့ ရှုခင်းတွေပါပဲ။ ဒီထဲမှာလဲ နှမ်းပန်းဆိုတဲ့ ပန်းခင်းကြီးဟာလည်း တခင်းလုံးဝါဝါထိန်ထိန်နဲ့ အရမ်းကိုလှပနေတဲ့ နေရာ တစ်ခုပါပဲ။ ဖြတ်သွားဖြတ်လာရင်း တောင် ဓာတ်ပုံဝင်ရိုက်ချင်လောက်အောင်ဆွဲဆောင်နိုင်တဲ့ အလှအပတစ်ခုပါပဲ။

ဒီလိုအလှအပတွေနောက်ကွယ်မှာလည်း ပျက်စီးဆုံးရှုံးမှုတွေရှိနေတတ်ပါတယ်။ ကလောမြို့ရဲ့ အလှအပကို မြင်တွေ့ခံစားချင်သူတွေဟာ လာရောက်လည်ပတ်ကြပြီး တစ်ခင်း လုံးဝါဝင်းနေတဲ့ အရမ်းလှတဲ့နှမ်းပန်းအခင်းကြီးကိုမြင်တော့ အားလုံးလိုလိုဓာတ်ပုံဝင်ရိုက် ကြပါတယ်။ သို့ပေမယ့် အပင်တွေကိုနင်းချေသွားကြတာမျိုး စိုက်ခင်းထဲမှာအမှိုက်တွေပစ် သွားကြတာမျိုး စတဲ့စည်းကမ်း မထိန်းသိမ်းတဲ့လုပ်ရပ်တွေကြောင့် စိုက်ပျိုးသူတွေအဖို့ နောက် နှစ်မစိုက်ချင်တော့လောက်အောင်ကို စိတ်ပျက်ရပါတယ်လို့ဆိုပါတယ်။

ဒီလိုအကြောင်းအရာတွေကို တာဝန်သိပြည်သူတစ်ယောက်က Facebook ပေါ်တင်လိုက်ပါ တယ်။ မော်ဒယ်သရုပ်ဆောင် မေပန်းချီတစ်ယောက် လက်ရှိမှာ ကလောမြို့ကိုအလည်ရော က်ခဲ့ပြီး ဝါဝါ၀င်းဝင်းနှမ်းပန်းအခင်းကြီးနဲ့ဓာတ်ပုံ ရိုက်ခဲ့ပေးမယ့် ပန်းတွေကိုတော့ တက်မနင်း ခဲ့ဘူးလို့ဆိုပါတယ်။ ပြည်သူ့အချစ်တော်ဖြစ် တာနဲ့အညီ စည်းကမ်းရှိတဲ့ သရုပ်ဆောင်တစ် ယောက်ပါပဲ။ နှမ်းပန်းခင်းထဲမှာ ဘယ်လိုတွေလှနေလည်းဆိုတာ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။