ဆွဲဆောင်မှုရှိတဲ့အသံပိုင်ရှင်လေးဖြစ်တဲ့ အဆိုတော် Mary တစ်ယောက်ကတော့ သူမရဲ့ ချစ်စဖွယ်ခွေးလေးတွေနဲ့ ဓာတ်ပုံရိုက်ကာ Facebook ပေါ်တင်ပြီး Mary ရဲ့ page ထဲမှာ Mary လိုပဲ ခွေးလေးတွေကိုချစ်တဲ့သူတွေဘယ်နှယောက်ရှိလဲ Prove me with photo comments! ဆိုပြီး တင်ခဲ့တာဖြစ်ပါတယ်။ ပုံလေးတွေထဲမှာ သူမရဲ့ချစ်စဖွယ်ခွေးလေးတွေနဲ့ ကြည်နူးနေတဲ့ သူမရဲ့ပုံရိပ်လေးတွေက အသည်းယားစရာလေးပါပဲ ပရိတ်သတ်ကြီးရေ။

သူမကလတ်တလောမှာတော့ ဂျပန်နိုင်ငံမှာကျောင်းတက်နေတာပဲဖြစ်ပါတယ်။ သူမက ကျောင်းပြီး တာနဲ့ မြန်မာနိုင်ငံကိုပြန်လာပြီး သီချင်းခွေထုတ်မယ်လို့လည်းသိရပါတယ်။ သူမဆို ထားတဲ့ သီချင်း တွေဟာ လူတော်တော်များများနှစ်သက်အားပေးကြပြီး သူမဟာလက်ရှိ မှာတော့ လူသိများအောင်မြင် တဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နေပါတယ်။ သူမရဲ့ အမိုက်စားနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အသံလေးကြောင့် နားဆင်သူတွေကလည်း Mary မှ Mary ဖြစ်နေရတာပေါ့။

သူမရဲ့နာမည်အရင်းမှာ Mary Soe ဖြစ်ပြီး ခုလက်ရှိအထိတော့ ချစ်သူမရှိသေးပါဘူးလို့ ခေတ်သစ်ပျိုမေ အစီအစဉ်မှာဖြေကြားသွားပါတယ်။ Mary ရဲ့ချစ်ပရိတ်သတ် ကိုကိုပုရိသတွေ တော့ ပျော်လို့ရပြီနော်။ ပရိတ်သတ်ကြီးမှာတော့ ချစ်စရာကောင်းတဲ့ အိမ်မွေးတိရိစ္ဆာန် လေးတွေရှိလား။ Mary နဲ့ သူမရဲ့ချစ်စဖွယ်ခွေးလေးတွေအတူတွဲဖက်ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက်လဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။