အမေရိကန် ရုပ်ရှင်သရုပ်ဆောင် ကယ်ဗင် စပေစီ ရိုက်ကူး သရုပ်ဆောင်ခဲ့တဲ့ ဟောလီးဝုဒ် ဇာတ်ကား တခုမှာ သူ သရုပ်ဆောင်တဲ့ အခန်းတွေကို ဖျက်ပစ်မယ်လို့ သိရပါတယ်။လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကားမှုတွေနဲ့ စွပ်စွဲ ခံရတဲ့ ကယ်ဗင် စပေစီ ဟာ All the Money in the World ဇာတ်ကားမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။အဲဒီဇာတ်ကားကို ရိုက်ကူး ပြီးစီးသွားပေမယ့် သူ့သရုပ်ဆောင်ခန်းတွေကို လူစားထိုးပြီး ဒီဇင်ဘာ ၂၂ ရုံဖွင့်ရက် အမီ ပြန်ရိုက်မှာပါ။ပ်ရှင် သူနဲ့ အတူ သရုပ်ဆောင်ခဲ့သူတွေနဲ့ ဒီကားကို ပြန်လည် ရိုက်ကူးရမှာ ဖြစ်ပါတယ်။

ကျင်းပမယ့် အမေရိကန် ရုပ်ရှင် သိပ္ပံ နှစ်ပတ်လည် ပွဲတော်မှာ ဒီရုပ်ရှင်ကို တင်သွင်းထား တာကိုလည်း ပြန်ပြီး ရုပ်သိမ်းခဲ့ပါတယ်။စပေစီကို စွပ်စွဲတဲ့ အမှုတွေက ၁၉၈ဝ ကျော်ကနေ စပြီး မနှစ်ကထိ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ရုပ်ရှင် မင်းသား Anthony Rapp က သူ ၁၄ နှစ်သား တုန်းက စပေစီက မတော်မရော် ပြုခဲ့ပါတယ် ဆိုပြီး အောက်တိုဘာလကုန်က စပြီး စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။အခုဆိုရင် အမေရိကန် Netflix ရုပ်ရှင်လိုင်းက စပေစီ နဲ့ ရုပ်သံ ဇာတ်လမ်းတွဲ ရိုက်နေတာတွေကို ရပ်ဆိုင်းခဲ့သလို သူ့ကို Emmy ရုပ်သံ အထူးဆု ပေးမယ့် အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

အဲဒီ ကိစ္စ ဖြစ်ပြီး နောက်ပိုင်း နောက်ထပ် စွပ်စွဲမှုတွေ ထွက်လာရာမှာ အမျိုးသမီး တယောက်ကလည်း သူ့သားကို ၁၈ နှစ် အရွယ်မှာ စပေစီက ကျူးလွန် စော်ကား ခဲ့ပါတယ် ဆိုပြီး စွပ်စွဲ ပြန်ပါတယ်။စပေစီက Rapp ရဲ့ စွပ်စွဲမှုကို သူ မမှတ်မိပါကြောင်းနဲ့ တောင်းပန်ကြောင်း ပြောခဲ့ပါတယ်။အခု စပေစီ အထူးကုသမှု တခု ယူနေတယ် လို့လည်း သူ့ရဲ့ ရှေ့နေတွေက ဆိုပါတယ်။

Source- BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။