အောင်လံမြို့နယ်၌ ရထားနှင့်ကားတိုက်မိမှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါ ဖြစ်စဉ်ကြောင့် သေဆုံးသူမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ၁၅း၀၀ နာရီ အချိန် အောင်လံမြို့နယ် မိုးကောင်းလေး ဘူတာနှင့် အောင်လံဘူတာကြား မိုင်တိုင် (၂၀၂/၆-၇)၌ ဦးသက်ခိုင်(၄၄)နှစ် မောင်းနှင်လာသော 2A/ xxxx ဒိုင်နာယာဉ်နှင့် အမှတ်(၁၀၉)အဆန် နေပြည်တော်-ပြည် RBE ရထားတို့တိုက်မိခဲ့ ခြင်းဖြစ်ပါတယ်။

အဆိုပါတိုက်မိမှုကြောင့် ဒိုင်နာယာဉ်ပေါ်ပါ အမျိုးသား ၄ ဦး နှင့် အမျိုးသမီး ၁ ဦး တို့တွင် ဦးခေါင်းနောက်စေ့၊ ကျောကုန်း၊ ဝဲ/ယာလက်၊ ဒူးခေါင်း၊ တင်ပါးဆုံပွန်းပဲ့ ပေါက်ပြဲ ဒဏ်ရာ (မစိုးရိမ်ရ)ရရှိသဖြင့် အောင်လံပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ခဲ့ကြောင်း၊ ၁၆း၅၀ နာရီအချိန် ဦးသက်ခိုင်အား အောင်လံမြို့မရဲစခန်း (ပ)၁၂၁၁/၂၀၁၇ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၅ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပါကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

Source - Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။