စင်ကာပူနိုင်ငံတွင်ကျင်းပ‌သော Mrs./Ms. Top of the world Plus Size 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်သည့် အလှမယ် စန္ဒီမင်းအောင် က Miss Star Plus Size 2017 ဆုနှင့်Miss Popular Award Plus Size 2017ဆုတို့ကိုဆွတ်ခူးရရှိခဲ့ကြောင်းသိရပါတယ်။

စန္ဒီမင်းအောင်က ဆု ၂ဆုရရှိခဲ့ရခြင်း နှင့််ပတ်သက်၍ “အားလုံးအားပေးကြလို့ အားလုံးအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့ရွေးချယ်ခံရတဲ့ ဆုကိုရလို့ဝမ်းသာကျေနပ်မိပါတယ်။အချိန်ကုန်ခံပီး like share voting အများဆုံးနဲ့ Miss people choose &Miss Star ဆုကို ကျွန်မတို့မြန်မာနိုင်ငံက နိုင်ငံသားတွေ တယောက်ချင်းပေးတဲ့ မေတ္တာ ကို ရလို့ပိုဝမ်းသာပါတယ်ရှင့် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင့်’ဟု၎င်း၏Facebookစာမျက်နှာတွင်ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

Mrs./Ms. Top of the world Plus Size 2017 ပြိုင်ပွဲကို စကာၤပူနိုင်ငံတွင် နိုဝင်ဘာလ ၈ ရက်နေ့ မှ ၁၃ ရက် နေ့ အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်းစုံမှ အလှမယ်များဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။Mrs./Ms. Top of the world Plus Size 2017 သရဖူဆုအား ဖိလစ်ပိုင်အလှမယ်မှ ရရှိခဲ့ကြောင်း သိရပါတယ်။

Source - Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။