ပြည်သူချစ်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီနေတိုးကတော့ သူရဲ့ပရိတ်သတ်တွေကို လေး စားတန်ဖိုးထားကြောင်း ဒီနေ့မှာဖော်ပြလိုုက်ပါတယ်။ အာရုံကြောချို့ယွင်းပြီး အားနည်းတဲ့ ရော ဂါကြောင့် မောတောဒေသကနေ ရန်ကုန်ကိုဆေးလာကုရတဲ့ ကလေးငယ် ကောင်းဆက်နိုင် ဟာ သူ့ရဲ့ဆန္ဒ တစ်ခုကိုပြောပြခဲ့ပါတယ်။ ဒါကတော့ ရုပ်ရှင်မင်းသား နေတိုးနဲ့တွေ့ဆုံလိုပါ တယ်တဲ့။ ဒီအကြောင်းကို မင်းသားနေတိုးကို ဆက်သွယ်ပြီး အကူအညီတောင်းတဲ့အခါမှာ နေတိုးကလက်ခံခဲ့ပြီး ဒီနေ့မှာတော့ ကလေးငယ်ကို သွားရောက်တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။ ကောင်းဆက်နိုင်ဟာ ရန်ကင်းကလေးဆေးရုံ မှာ တက်ရောက်ကုသနေတာဖြစ်ပြီး လက်ရှိ မှာတော့ အခြေအနေကောင်းတယ်လို့သိရပါတယ်။

ကလေးငယ်ဟာ နေတိုးကိုတွေ့ရှိရလို့အရမ်းကိုပျော်ရွှင်နေခဲ့ပါတယ်။ နှစ်ယောက်အတူ အပြုံလေး တွေဖလှယ်တဲ့ပုံရိပ်လေးတွေကို ရိုက်ကူးထားတဲ့ဓာတ်ပုံလေးဟာ တကယ်ကို အ သက်ဝင်လှပါတယ်။ နေတိုးဟာ သူ့ရဲ့အသစ်ထွက်ရှိထားတဲ့ “ ပက်ပက်စက်စက်ညို့” ဇာတ် ကား Poster ပေါ်မှာ သား ကောင်းဆက်နိုင်အတွက် အမှတ်တရဆိုတဲ့ စာတမ်းလေးကို ရေးသားပြီး လက်ဆောင်အဖြစ်ပေးခဲ့ ပါတယ်။ နေတိုးအကယ်ဒမီရရှိခဲ့တဲ့ နက္ခတ်မှားတဲ့ ညဆိုတဲ့ဇာတ်ကား မှာ ဝတ်ခဲ့တဲ့အင်္ကျ ီကိုလည်း ကလေးငယ်အတွက် လက်ဆောင်ပေး ခဲ့ပါတယ်။ အမှတ် တရဓာတ်ပုံရိုက်ကူးတဲ့အခါမှာလည်း ကလေးရဲ့ချစ်စရာကောင်းတဲ့ အပြုံး လေးတွေက တ ကယ့်ကိုအပြစ်ကင်းစင်လွန်းလှပါတယ်။

အကယ်ဒမီနေတိုးဟာ ဝေဒနာခံစားနေရတဲ့ကလေးငယ်ကောင်းဆက်နိုင်ကို ဖေးမနှစ်သိမ့် မှုများစွာနဲ့ စိတ်ကိုပျော်ရွှင်စေခဲ့ပါတယ်။ ကလေးငယ်ဟာလည်း သူဖြစ်ချင်တဲ့ ဆန္ဒတစ်ခု ဟာ ဖြစ်မြောက်သွားတဲ့အတွက်တကယ့်ကို ပျော်ရွှင်ပီတိဖြစ်နေတဲ့ပုံရိပ်လေးက မြင်ရသူတွေ အဖို့ကြည်နူးစရာပါပဲ။ နေတိုးပေး တဲ့အင်္ကျ ီလေးကို ဝတ်ဆင်ထားပြီး ပြုံးနေတဲ့ကလေးငယ် ကောင်းဆက်နိုင်တစ်ယောက် ဝေဒနာတွေ ကင်းစင်ပြီး အမြန်ဆုံးသက်သာပျောက်ကင်းကာ နိုင်ငံကိုအကျိုးပြုနိုင်တဲ့ သားကောင်းရတနာလေး ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်။ ထပ်ဆင့် အကယ်ဒမီကိုနေတိုးလည်း ဒီထက်မကအောင်မြင်မှုတွေ ရပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။