လူတိုင်းမှာ သူငယ်ချင်း မိတ်ဆွေတွေရှိတတ်ကြပါတယ်။ ဒီလိုအသိမိတ်ဆွေတွေထဲမှာမှ ကိုယ့်ရဲ့ အရင်းနှီးဆုံးသူတွေဆိုတာလည်းရှိကြပါတယ်။ ဒီလိုသူငယ်ချင်းတွေဟာ လူတိုင်း မှာမရှိနိုင်တဲ့အတွက် ကိုယ့်မှာရှိနေတယ်ဆိုရင်တော့ တကယ့်ကိုတန်ဖိုး အရှိဆုံးလက် ဆောင်တစ်ခုပါပဲ။ ကိုယ့်ရဲ့အကျိုး အကြောင်း အဆိုးအကောင်းတွေကို လက်ခံနားထောင်ပြီး ကိုယ့်ကိုအားပေးမယ့် အားပေးဖော်ဟာ သူငယ်ချင်းကောင်းတွေပါပဲ။ ဒီလိုလူမျိုးတွေဟာ ဘဝ မှာတန်ဖိုးမဖြတ်နိုင်တဲ့ ဘုရားပေးတဲ့ဆုလာဘ်ပါပဲ။ ကိုယ့်မှာချစ်စရာကောင်းတဲ့ သူငယ်ချင်း တွေရှိရင် အခုပဲသူတို့ကို ချစ်ကြောင်းအမြန်ပြောလိုက်ပါ။

တော်တော်များများယောကျာ်းလေး မိန်းကလေးတွေဟာ Relationship Life တစ်ခုကိုတည် ထောင် လိုက်တာနဲ့ ကိုယ့်ရဲ့ BFF တွေကို အရင်ကလောက်အလေးအနက်မထား အချိန်မပေး တော့ပါဘူး။ ဒီလိုအချိန်တွေမှာဆိုရင် ကိုယ့်ရဲ့သူငယ်ချင်းဖက်ကို အနည်းငယ်ပြန်လည် စဉ်း စားပေးသင့်ပါတယ်။ ကိုယ်တစ်ယောက်တည်း Single ဖြစ်နေတဲ့အချိန်မှာ ကိုယ့်သူငယ်ချင်း က အဖော်ပြုပြီးနေပေးခဲ့တာ ဖြစ်ပါတယ်။ ကိုယ်လက်တွဲဖော်ရတဲ့အချိန်မှာ သူငယ်ချင်းကို ပစ်ပယ်လိုက်တယ်ဆိုတာဟာ မပြုမူ သင့်တဲ့ လုပ်ရပ်ပါပဲ။ သူ့ကိုလည်းစိတ်ထိခိုက်စေနိုင်သလို လူ့ကျင့်ဝတ်အရလဲမကောင်းပါဘူး။ ကိုယ့်ရဲ့အကောင်းအဆိုးတွေကိုလက်ခံနားလည်ပေးနိုင် တာ ကိုယ့်ရဲ့သူငယ်ချင်းပါပဲ။

ကိုယ့်လက်တွဲဖော်နဲ့ အခန့်မသင့်လို့ကတောက်ကဆဖြစ်ရင်တောင် သင်ရင်ဖွင့်နိုင်တာသူတု့ိ ပါပဲ။ သင့်လက်တွဲဖော်နဲ့ အဆင်မပြေလို့သူကသင့်ကိုစွန့်ခွာသွားရင်တောင် သင့်ရဲ့အချစ်ဆုံး သူငယ်ချင်း တွေကတော့အမြဲတမ်းသင့်အနားမှာပဲရှိနေဦးမှာဖြစ်ပါတယ်။ အလုပ်တွေ လုံး ဝမအားဘူးဆိုရင်တောင် ကိုယ်အားတဲ့အချိန်အနည်းငယ်လေးကို ကိုယ့်ရဲ့သူငယ်ချင်းတွေနဲ့ အတူ မျှဝေကုန်ဆုံးလိုက်ပါ။ သူငယ်ချင်းကောင်းဆိုတာ ကံကောင်းလို့ရတဲ့ဘဝရဲ့လက် ဆောင်ပါ။ တစ်ယောက်တည်းအထီးကျန်ပြီး ထွက်ပေါက်မရှိတဲ့ခံစားချက်ဟာ အရမ်းကို ခံ စားရခက်တာမို့ ကိုယ့်ရဲ့ခံစားချက်တွေကို စိတ်ဒုက္ခခံပြီး နားထောင်ပေးတဲ့သူငယ်ချင်းကို သင်တကယ်တန်ဖိုးထားသင့်ပါတယ်။ လူတိုင်းမှာစိတ်ညစ်စရာ ကိုယ်စီရှိတဲ့ကြားထဲကမှ ကိုယ့်ရဲ့ဒုက္ခတွေ အပူတွေကို ရင်နဲ့ခံစားပြီး နားထောင်နှစ်သိမ့်ပေးတဲ့ သူငယ်ချင်းဆိုတာ တကယ့်ကိုရှားပါးလွန်းပါတယ်။

သူငယ်ချင်းကောင်းဆိုတာ သင့်မိဘပြီးရင် သင့်ကိုခွင့်လွှတ်နိုင်ဆုံး နားလည်ပေးနိုင်ဆုံး သင့် ကိုအချစ်ဆုံး သင်ကအချစ်ဆုံးသူတွေပါပဲ။ ကိုယ့်ကိုအမြဲနားလည်ပေးနိုင်တဲ့ အချစ်ဆုံးသူငယ် ချင်းတစ်ယောက် ဘဝမှာရှိနေရင် Relationship ဆိုတာမလိုအပ် တော့လောက်အောင်ကို ပြည့်စုံနေပြီဖြစ်ပါတယ်။ သင့်မှာအချစ်ဆုံးသူငယ်ချင်းရှိရင် ဒီစာလေးကို သူ့ကို Tag လုပ်ပြီး Share လိုက်ပါ။ ပြီးရင်သူ့ကို အရမ်းချစ်ကြောင်း ပြောလိုက်ပါ။ သူငယ်ချင်းကောင်းဆိုတာ ကမ္ ဘာပေါ်မှာ လူတိုင်းမရှိနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုပါ။ သင့်မှာဒီလို သူငယ် ချင်းတွေရှိတဲ့အတွက် ဂုဏ်ယူပါတယ်။ သူတို့ကိုအချိန်ပေးပြီး တန်ဖိုးထားပေးလိုက် ပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။