ချစ်သုဝေ သက်မွန်မြင့်ကဲ့သို့ အနုပညာရှင်မိဘများပါ၀င်မည့် ကလေးများကို ရိုက်နှက်မဆုံးမရေး လူထုလှုပ်ရှားမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံမှာ ကလေးတွေကိ အချို့မိဘဆရာသမားများက လိုအပ်သည်ထက်ပိုမို၍ ရိုက်နုက်ဆုံးမလေ့ရှိကြပါတယ်။ ထိုကဲ့သို့ အလွန်အကျူးရိုက်နှက်ခြင်းများနှင့် မလိုအပ်ဘဲရိုက်နှင်ခြင်းများက ကလေးတွေရဲ့စိတ်ဓာတ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် Save The Children အဖွဲ့က ဦးဆောင်၍ ယခုကဲ့သို့ လှုပ်ရှားမှုပြုလုပ်ဖို့ လုပ်ခဲ့တာပါ။

စိတ်နှင့် ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုများအပေါ် သက်ရောက်စေသည့် ကလေးများကို ရိုက်နှက်ပြစ်ဒဏ်ပေးဆုံးမခြင်းကို ကာကွယ်တားဆီးရန် 'မေတ္တာဖြင့်သာပျိုးထောင်ပါ' လူထုလှုပ်ရှားမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း Plan International (Myanmar) မှ ကလေးသူငယ်အခွင့်အရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံကိန်းမန်နေဂျာ ကိုမျိုးမြင့်ထွန်းက ပြောကြားသည်။ အဆိုပါလှုပ်ရှားမှုတွင် ဆိုရှယ်မီဒီယာကမ်ပိန်းအဖြစ် နိုဝင်ဘာလ ၁၁ ရက်မှစ၍ ယင်းလှုပ်ရှားမှုနှင့်သက်ဆိုင်သော သတင်းစကား၊ ဗီဒီယိုများကို Save the Children ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာဖြစ်သော www.facebook.com/SavetheChildreninMyanmar တွင် မျှဝေသွားမည်ဖြစ်သည်။ 'မေတ္တာဖြင့်သာ ပျိုးထောင်ပါ' လူထုလှုပ်ရှားမှုတွင် ကလေးများကိုရိုက်နှက်ပြစ်ဒဏ်ပေးဆုံးမခြင်းအစား အပြုသဘောဆောင်သော စည်းကမ်းဖြင့် ပြုစုပျိုးထောင်ရန် အားပေးတိုက်တွန်းမည်ဖြစ်သည်။ 

ထို့ပြင် နာမည်ကျော်အနုပညာရှင်များဖြစ်သည့် သက်မွန်မြင့်၊ ချစ်သုဝေတို့နှင့်အတူ အခြားအနုပညာရှင်များ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင်ပါ လှုပ်ရှားမှုနှင့် သက်ဆိုင်သည်များကို မျှဝေပေးသွားမည်ဖြစ်ပြီး အနုပညာရှင်များနှင့်အတူ ပရိသတ်များကလည်း #onlywithlove စာတန်းရေးသား၍ မိမိ၏ ‘Selfie' ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်တွင်တင်ကာ အဆိုပါလှုပ်ရှားမှုတွင် ပါဝင်နိုင်မည်ဖြစ်သည်။လူထုလှုပ်ရှားမှု ဒုတိယပိုင်းအဖြစ် နိုဝင်ဘာ ၁၈ ရက်နေ့ ညနေ ၃ နာရီမှ ၅ နာရီထိ ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြည်သူများနှင့်အတူ လှုပ်ရှားမှုအစီအစဉ် ပြုလုပ်သွားမည်ဖြစ်သည်။ ယခုပြုလုပ်မည့် လူထုလှုပ်ရှားမှုကို ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝရရှိရန် နိုင်ငံတကာလူမှုရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်း ငါးဆယ်ကျော်ဖြင့် ဖွဲ့စည်းထားသည့် NGO Child Rights Working Group (NCRWG) တို့ ပူးပေါင်း၍ နိုဝင်ဘာ ၁၁ ရက်မှ ၁၈ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း Save the Children ထံမှ သိရသည်။

Source – Save the Children, The Voice

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။