အိန္ဒိယ နိုင်ငံမှ ကောင်လေး တစ်ယောက်ဟာ Baahubali ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခန်းဖြစ်တဲ့ ဆင်ရဲ့ နှာမောင်း ပေါ်ခုန်တက် တဲ့ အခန်းကို သဘော ကျတာကြောင့် အပြင်မှာ လိုက်လုပ်ကြည့်ခဲ့ပါတယ်။ သူကတော့ ရုပ်ရှင်ထဲ ကလို အောင်မြင်လိမ့်မယ် လို့ ယူဆပြီး လိုက်လုပ်ကြည့်ခဲ့တာပါ။ သူ့ကိုယ်သူ လည်း အောင်မြင်လိမ့်မယ် လို့ ယုံကြည်နေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဖြစ်အပျက်ကတော့ မတွေးရဲ့ စရာပါပဲ။
သူဟာ Baahubali ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခန်းဖြစ်တဲ့ ဆင်ရဲ့ နှာမောင်း ပေါ်ခုန်တက် တဲ့ အခန်းလို လိုက်လုပ်ကြည့်ပြီး ဖေ့ဘွတ်ခ်ပေါ် တင်ဖို့ ဗီဒီယို ရိုက်ပြီး အမှန်အကန် ကြိုးစားနေခဲ့တာပါ။ သူဟာ ဆင်ရဲ့ နှာမောင်းကို ဆွဲဖက်လိုက်ပြီး ခုန်တက်ဖို့ကြိုးစားလိုက်ပါတယ်။ ဆင်ဟာ ချက်ချင်းပဲ သူ့ကို လေပေါ်ကို မြောက်တက်သွားတဲ့ အထိ နှာမောင်းနဲ့ ကန်ထုတ်လိုက်ခြင်းကို ခံခဲ့ရပါတယ်။ သူလည်း မြေပြင်ပေါ်မှာ ပြားပြားဝပ်သွားပြီး သတိမေ့လုမတတ်ဖြစ်သွားပါတယ်။
ဒေသခံတစ်ဦးက ပြန်လည်ပြောပြရာမှာ ဆင်ဟာ သူ့ရဲ့ နှာမောင်းပေါ်ခုန်တက်မယ့် ကောင်လေးရဲ့ အကြံကို မနှစ်မြို့ခဲ့ပါဘူး။ သူဟာ ပထမ တော့ စားစရာ တချို့ ကို အသုံးပြုပြီး ဆင်ကို ရင်းနှီးမှုရအောင်လုပ်ခဲ့ပါသေးတယ်။ ဆင်ကလည်း ငှက်ပျောသီးနဲ့ အသီးအနှံတွေစားရတော့ ပျော်နေခဲ့ပါသေးတယ်။ ရုပ်ရှင်ထဲကလို စတန့်ထွင်ဖို့ ကြိုးစားချိန်မှာ တော့ မအောင်မြင်ဘဲ ဖြစ်ခဲ့ရပြီး ဆင်ရဲ့ ကန်ထုတ်ချက်ပြင်းလွန်းတာကြောင့် ဆေးရုံကို အလျင်အမြန်တင်ခဲ့ရပါတယ်တဲ့။
Source: The Mirror
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။