ခေတ်ပေါ်အလန်းစားဖက်ရှင်တွေနဲ့သာမြင်တွေ့ရလေ့ရှိတဲ့သင်ဇာဝင့်ကျော်ဟာယခုအခါထူးထူးခြားခြားချစ်စရာမြန်မာဝတ်စုံလေးနဲ့မြင်တွေ့ရတာပဲဖြစ်ပါတယ်။မြန်မာရိုးရာချည်ထည်ဝမ်းဆက်လေးနဲ့သင်ဇာဝင့်ကျော်တစ်ယောက်အရမ်းလှပနေတာပဲဖြစ်ပါတယ်။ခေတ်ပေါ်ဖက်ရှင်တွေနဲ့လဲလိုက်ဖက်သလိုမြန်မာဝတ်စုံလေးနဲ့လဲသူမလှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေကိုပေါ်လွင်စေပြီးယဉ်ယဉ်လေးနဲ့မြင်ရတာကြည်နူးစရာပဲဖြစ်ပါတယ်။ 

စိမ်းလန်းတဲ့နောက်ခံသဘာဝရှုခင်းတွေနဲ့သူမရဲ့ထူးခြားတဲ့အလှကိုပိုမိုပေါ်လွင်စေတဲ့ပုံရိပ်လေးတွေမြင်တွေ့ရတာပဲဖြစ်ပါတယ်။သင်ဇာဝင့်ကျော်ရဲ့တွေ့ရခဲတဲ့မြန်မာဝတ်စုံလေးနဲ့အရမ်းကိုချစ်ဖို့ကောင်းတာပဲဆိုတဲ့သူမရဲ့ချစ်ပရိသတ်တွေစီကစကားသံလေးတွေကိုလဲကြားနေရတာပဲဖြစ်ပါတယ်။သူမရဲ့လူမှုကွန်ယက်မှာလဲထူးထူးခြားခြားမြန်မာဝတ်စုံလေးနဲ့ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကိုလဲမျှဝေခဲ့တာကြောင့်ပရိသတ်တွေအချစ်ပိုစေခဲ့တာပဲဖြစ်ပါတယ်။ 

သင်ဇာဝင့်ကျော်ဟာလက်ရှိမှာပန်းမြို့တော်တို့တင်စားခေါ်ဝေါ်ကြတဲ့ပြင်ဦးလွင်ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။သင်ဇာဝင့်ကျော်တစ်ယောက်ပြင်ဦးလွင်ရဲ့လှပတဲ့သဘာဝရှုခင်းလေးတွေနဲ့ဓာတ်ပုံလေးတွေရိုက်ရင်းအနုပညာလုပ်ငန်းလေးတွေလဲလုပ်ရင်းရောက်ရှိနေတာဖြစ်ပြီးအရမ်းကိုပျော်ရွှင်နေပုံရပါတယ်။လက်ရှိမှာတော့အနုပညာလုပ်ငန်းတွေအများကြီးကြိုးစားလုပ်ကိုင်လျက်ရှိပြီး"ငယ်ပါသေးတယ်"ရုပ်ရှင်ဇာတ်ကားကြီးမှာလဲအနုပညာရှင်ပေါင်းများစွာနဲ့ပါဝင်ရိုက်နေတာပဲဖြစ်ပါတယ်။ပရိသတ်အတွက်အနုပညာလုပ်ငန်းတွေအများကြီးကိုကြိုးစားလုပ်ကိုင်နေတဲ့သင့်ဇာဝင့်ကျော်ရဲ့ချစ်စရာပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - သင်ဇာဝင့်ကျော်လ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။