အာဆင်နယ်ဂန္တဝင်ရောဘတ်ပီရက်ရဲ့အောင်သူအပေါ်အမြင်

မြန်မာအသင်းရဲ့တိုက်စစ်မှူးအောင်သူရဲ့ကျော်ကြားလာမှု

တွေကတကယ်ကိုကြောက်ခမန်းလိလိပါပဲ။ဒေသတွင်း

အာဆီိယံနိုင်ငံတွေရဲ့ဘောလုံးစာမျက်နှာတွေမှာလည်း

သူ့သတင်းတွေမွစာကြဲနေပါတယ်။ပြီးခဲ့တဲ့ကမ္ဘောဒီးယား

ရဲ့ပွဲမှာဆိုခမာအားကစားမီဒီယာတွေပေါ်မှာကမ္ဘောဒီးယား

စူပါစတားကစားသမားချန်ဗန်သာနာကာနဲ့အတူအောင်သူ

အကြောင်းတွေမဖတ်ချင်မှအဆုံးပါ။သူဟာနာမည်ကျော်သလောက်တကယ်လည်းကောင်းတဲ့

တိုက်စစ်မှူးတစ်ယောက်ပါ။ခမာနဲ့ပွဲမှာဆိုထိုင်းဘောလုံးကင်း

ထောက်တချို့အောင်သူ့ကိုလာရောက်စနည်းနာခဲ့ကြတယ်လို့

သိရပါတယ်။ထိုင်းနိုင်ငံရဲ့အပြောင်းအရွှေ့ကဒီဇင်ဘာတစ်ရက်နေ့မှာစဖွင့်မှာပါ။

ပြီးခဲ့တဲ့မလေးရှားဆီးဂိမ်းဟာသူ့ဘဝရဲ့ပထမဆုံးဖြစ်ပေမယ့်

အာဆီယံဘောလုံးလောကရဲ့ဒိတ်ဒိတ်ကြဲတိုက်စစ်မှူးတွေ

ဖြစ်တဲ့ဗီယက်နမ်ကငုယင်ကောင်ဖောင်၊ထိုင်းကချန်းရော့

တို့နဲ့တန်းတူခြေစွမ်းပြနိုင်ခဲ့ပါတယ်။မြန်မာ့လက်ရွေးစင်

အသင်းကြီးမှာဆက်အရွေးခံရပြီးမြန်မာအသင်းအတွက်

ထိုင်းနဲ့ပွဲ၊ကာဂျစ်နဲ့ပွဲ၊ခမာနဲ့ပွဲစတဲ့နောက်ဆုံးသုံးပွဲဆက်

ဂိုးသွင်းထားနိုင်ခဲ့တာပါ။အခုလည်းအာဆင်နယ်အသင်းနဲ့

ပြင်သစ်အသင်းရဲ့ဂန္တဝင်ကစားသမားရောဘတ်ပီရက်က

အောင်သူကိုအခုလိုချီးမွမ်းခဲ့ပါတယ်။အောင်သူ့

ဘဝမှာဂုဏ်ယူရမယ့်အမှတ်တရတစ်ခုဆိုလည်းမမှားပါဘူး။

အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့စတားပလေယာတွေနဲ့

ပတ်သက်ပြီးရောဘတ်ပီရက်ကိုရဲ့မှတ်ချက်ကိုမေးမြန်း

ခဲ့ရာမှာအောင်သူဟာအသက်21ပဲရှိပေမယ့်တကယ့်ကို

ပြည့်စုံတဲ့ကစားသမားပါ။အဆုံးသတ်ပိုင်းအရမ်းကောင်းတယ်။

ဂီုးသမားတွေဖမ်းဖို့မလွယ်တဲ့ဂိုးတွေသူသွင်းတတ်တယ်။

ခန္ဓာကိုယ်ပိုင်းမှာကြံခိုင်မှုရှိပြီးအရမ်းကိုကောင်းမွန်တဲ့

ဟန်ချက်ညီမှုရှိပါတယ်လို့ပြောပါတယ်။တကယ်ကို

အဆုံးသတ်ပိုင်းကောင်းမွန်တဲ့ကစားသမားတစ်ယောက်ပါတဲ့။

ဒါကတော့ရောဘတ်ပီရက်ရဲ့အောင်သူအပေါ်မှတ်ချက်ပါ။

တကယ်ဂုဏ်ယူစရာပါ။

Source-Fox sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။