တရုတ်နိုင်ငံ အလယ်ပိုင်း ဟိုင်နန်ပြည်နယ် ချယာ တောင်က တောင်စောင်းပေါ်မှာ တရုတ်နိုင်ငံသား စုံတွဲ တစ်တွဲ ဟာ မကြောက်မရွံ့ဘဲ မင်္ဂလာဆောင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။ တကယ့်ကို ကြံကြံဖန်ဖန်ဓာတ်ပုံ ရိုက်ကူးခဲ့တာပါ။ လူ အင်အားအများကြီး ကို အသုံးပြုခဲ့ရပါတယ်။ မင်္ဂလာဆောင်ပြီး ကာစ ဒီ ဇနီးမောင်နှံ နှစ်ယောက်ဟာ တောင်စောင်းပေါ်မှာ ဓာတ်ပုံရိုက်ဖို့အကိုင်အတွယ်တွေကို သေချာ ကိုင်ထားခဲ့ရပါတယ်။

တရုတ်ပြည် ရဲ့ နာမည်အကျော်ကြားဆုံး ရုပ်ရှင်ဖြစ်တဲ့ စွန်းဝူခုန်းကား ရိုက်ကူးခဲ့ရာနေရာ ကို ဒီဇနီးမောင်နှံက သဘောကျနေတာပါ။ ဒ့ါကြောင့် မင်္ဂလာဆောင် အမှတ်တရ ဓာတ်ပုံကို အဲ့ဒီ့ တောင်စောင်း အထိသွားရောက်ရိုက်ကူးခဲ့ပါတယ်။ တကယ့်ကို ကြောက်ခမန်းလိလိ မြင်ကွင်းလည်းဖြစ်ပါတယ်။ တောင်စောင်းဟာ အတော့်ကို မြင့်မားပြီး အင်မတန်မတ်စောက်ပါတယ်။

စွန်းဝူခုန်းကား မှ ဇာတ်လိုက်များ ကို ပါ ပါ၀င်စေရန်အတွက် ဇာတ်ကောင်အနေနဲ့ ၀တ်စုံများပါ ၀တ်ဆင်စေပြီး ရိုက်ကူးခဲ့ပါသေးတယ်။ တကယ့်ကို ဆန်းဆန်းပြားပြား လုပ်ခဲ့တဲ့ ဇနီးမောင်နှံလည်းဖြစ်ပါတယ်။ လူမှုကွန်ယက် များမှာလည်း သူတို့ဇနီးမောင်နှံ ကို အံ့သြနေကြပါတယ်။ ယခုလို အဆန်းထွင်ပြီး ဓာတ်ပုံရိုက်ကူးခဲ့တဲ့ အတွက်ကြောင့်ပါ။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။