ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင် မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ဘယ်ပဲသွားသွား မိခင်နဲ့အတူတူ သွားတာမကြာခဏတွေ့ဖူးမှာပါ။

စိုးမြတ်သူဇာတို့ညီအစ်မတွေရဲ့ တဝမ်းကွဲညီမလေး စိုးပြည့် တစ်ယောက် သူမရဲ့ မိခင်နဲ့အတူ (၇၆)မိုင်ယာဉ်ရပ်နားစခန်းမှာ မနက်စာအတူတူစားနေတဲ့ပုံလေးကို ယနေ့မနက်မှာ တင်ထားပါတယ်။

ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းတဲ့ စိုးပြည့် တစ်ယောက် အဝေးသင်မြန်မာစာ တတိယတက်ရောက်နေတဲ့ ကျောင်းသူလေးလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သူမရဲ့ တက္ကသိုလ်ကျောင်းတက်နေတဲ့ ပုံရိပ်တွေက လူမှုကွန်ရက်မှာ လူပြောများလျက်ရှိပါတယ်။

ယနေ့မှာတော့ မပြင်မဆင်ပဲ ရိုးရိုးရှင်းရှင်းမျက်နှာလေးနဲ့ ချစ်စရာကောင်းနေတဲ့ စိုးပြည့်ဟာ သူမရဲ့ မေမေနဲ့အတူထိုင်ပြီး မနက်စာစားနေတာကိုတွေ့ရပါတယ်။

အနုပညာအသိုင်းဝိုင်းကြီးကနေ ဆင်းသက်လာတဲ့ စိုးပြည့်ဟာ ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီး အကယ်ဒမီဆု ဆွတ်ခူးထားသူလည်းဖြစ်ပါတယ်။

စိုးပြည့်တစ်ယောက် ဘယ်လောက်ထိချစ်ဖို့ကောင်းနေလဲဆိုတာကိုတော့ ပရိသတ်ကြီးလည်း ကြွေသွားလောက်ပြီနော်။ 

Source : Soe Pyae Thazin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။