ယနေ့ ကမ္ဘာမှာ ယောက်ကျာ်း၊ မိန်းမ တန်းတူ အခွင့်အရေး ရရှိလာကြပြီး လိင်တူချစ်သူ တွေအတွက်လည်း တန်းတူ အခွင့် အရေး ရရှိလာပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ လူအခွင့်အရေးကို အလွန် တန်ဖိုးထားတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ လဲ အမျိုးသား အမတ်ကို ကျော်လွန်ပြီးတော့ အမျိုးသားမှ အမျိုးသမီးအဖြစ်သို့ လိင်ပြောင်းလဲ ခွဲစိတ်ထားတဲ့ အမတ်မှ အနိုင်ရရှိ သွားတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံ ဗာဂျီးနီးယား ပြည်နယ်ရဲ့ ပထမဦးဆုံး လွတ် တော် အမတ် အဖြစ် ရွေးချယ်ခံရ သူဟာ အသက် ၃၃ နှစ်အရွယ် အမျိုးသားမှ အမျိုးသမီး အဖြစ်သို့ လိင်ပြောင်းခွဲစိတ်မှု ကို ခံထားသူ ဒန်နီကာရိုယန် ပဲဖြစ်ပါတယ်။

ဒီမိုကရတ်တစ် လွတ်တော် အမတ် ဒန်နီကာရိုယန် ကို နိုဝင်ဘာ၈ ရက်နေ့က ရှေ့ဆောင်အောင်မြင်သူ အဖြစ် ဝိုင်းဝန်းဂုဏ်ပြု ခဲ့ကြပြီး အဲ့တာဟာ အမေရိကန်ပြည်ထောင်စု သမိုင်းမှာ လိင်ပြောင်းခွဲစိပ်ထားသူ တဦးရဲ့ ပထမဆုံး အကြိမ် အဖြစ် အုပ်ချုပ်ရေး အဖွဲအတွင်းရောက်ရှိလာမှုလည်းဖြစ်ပါတယ်။

“အခု ကျွန်မမှာ တာဝန်တွေရှိသွားပြီ ဖြစ်ပြီး ရလဒ်ကောင်းတွေရအောင် လုပ်ရမှာပါလို့”

အမျိုးသမီးတဦး အဖြစ် လိင်ပြောင်းလဲ ခွဲစိတ်မှုကို ခံယူထားတဲ့ ဒန်နီကာရိုယန်က ပြောဆိုခဲ့ပါတယ်။

အရင်က သတင်းထောက်ဟောင်း တဦးလည်းဖြစ်ပြီး heavy metal ဂီတ အဖွဲ့တဖွဲ့ မှာ အဆိုတော်အဖြစ် ပါဝင်ခဲ့တဲ့ ရိုယန်ဟာ ပြီးခဲ့တဲ့ ၂၆ နှစ်ကြာအထိ ပရင့်ဝီလီယန် ခရိုင်ကို ကိုယ်စားပြုခဲ့တဲ့ ကွန်ဆာဗေးတစ် ရီပတ်ပလေကန် လွတ်တော် အမတ် ရောဘတ်မာရှယ်ကို သူမ က အနိုင်ယူခဲ့တာဖြစ်ပြီး ရောဘတ်ဟာ ဒန်နီကာရိုယန် ကို သူမလို့ ပြောဆိုဖို့ နဲ့ စကားရည်လုပွဲ ပြုလုပ်ဖို့ကိုလည်းငြင်းဆန်ခဲ့ပါတယ်။

Source – Eleven Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။