ရုပ်ရှင်သရုပ်ဆောင် မင်းသား နေမင်းနှင့် အဖွဲ့ဟာ အုတ်ကြားမြက်ပေါက် ရုပ်ရှင်ဇာတ်ကားမှာ ရရှိခဲ့တဲ့ အကယ်ဒမီကြယ်ပွင့်တွေကို ဘုရားမှာ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

အကယ်ဒမီဆုမှ ကြယ်ပွင့်ကို ဖြုတ်ပြီး အောင်ဇမ္ဗူ ဆရာတော်ထံမှာ သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေး ကိုကျော်လင်းထွန်း ရဲ့ (၄၂)နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် နိုဝင်ဘာ(၁၃)ရက်နေ့ အမျိုးသားနေ့မှာသွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

သွားရောက်လှူဖြစ်ခဲ့တဲ့အကြောင်းကို နေမင်းက သူ့ရဲ့ FB စာမျက်နှာမှာ အခုလို ရေးသားထားတာ တွေ့ရပါတယ်..။

“အုတ်ကြားမြက်ပေါက် ရဲ့ အကယ်ဒမီကြယ်ပွင့် အား အောင်ဇဗ္ဗူ ဆရာတော် ထံသို့အကိုအကြီးဆုံး ကိုကျော်လင်းထွန်း ရွှေစင်ဦး ရဲ့ ယနေ့ကျရောက် သော (၄၂) နှစ်မြောက် မွေးနေ့အမှတ်တရအဖြစ် ယနေ့နံနက်တွင် သွားရောက်လှုတန်းခဲ့ကြပါသည်..။

ဆရာတော် ၏ ထံတွင် ဘုရားဖူးဧည့်သည်များ ဘုရားဖူးရင်း အကယ်ဒမီကြယ် ၅ ခုကိုပါ အတူတကွယနေ့မှစ၍ မြင်တွေ့ကြရပါတော့မည်..။

ချစ်စွာသော ပရိတ်သတ်များ ခင်ဗျာ” လို့ ရေးသားထားတာ တွေ့ရပါတယ်..။

“အုတ်ကြားမြက်ပေါက်” ရုပ်ရှင်ဇာတ်ကားကြီးကို ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးထုတ်လုပ်ထားပြီး နေတိုး၊ နေမင်း၊ ထွန်းထွန်း၊ သက်မွန်မြင့်၊ ကြက်ဖ၊ ရသ ၊ဒီဒီ တို့က ပါဝင်သရုပ်ဆောင်ထားကာ ဒါရိုက်တာ ညွှန်မြန်မာ ညီညီအောင် က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်..။

အဲ့ဒီဇာတ်ကားမှာ ရွှေစင်ဦး ထုတ်လုပ်ရေးက ဇာတ်ကားဆု ရရှိခဲ့ပြီး ဒါရိုက်တာ ဆုကို ညွှန့်မြန်မာ ညီညီအောင် က ဒါရိုက်တာဆု၊ ထွန်းထွန်းကတော့ ဇာတ်ဆောင်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်..။

နေမင်းဟာ အနုပညာလောကမှာ အောင်မြင်ပြီး ပရိသတ် အားပေးမှု အခိုင်အမာရရှိထားတဲ့ ခေါင်းဆောင် မင်းတစ်လက်လည်း ဖြစ်ပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။