မြန်မာအသင်းသတိထားရမယ့်တစ်ဦးတည်းသောကစားသမား

မြန်မာအသင်းဟာရန်ကုန်မှာကစားခဲ့တဲ့အိန္ဒိယနဲ့ပွဲမှာ

ပွဲချိန်ပြည့်စိုးမိုးထားခဲ့ပါရက်နဲ့အိန္ဒိယကိုရှုံးခဲ့ပါတယ်။

မြန်မာအသင်းရှံုးခဲ့ရတဲ့တစ်ခုတည်းသောအကြောင်း

ကအိန္ဒိယအသင်းရဲ့ကပ္ပတိန်စူနေးချက်ထရီပါပဲ။

မြန်မာအသင်းကိုနောက်ဆုံးမိနစ်မှာသာဂိုးမသွင်းခဲ့ရင်

မြန်မာတို့ခြေစစ်ပွဲအောင်ဖို့အခုလောက်ရုန်းကန်နေစရာမလိုပါဘူး။ဒီနေ့ညကစားမယ့်ပွဲမှာလည်းမစ္စတာဂတ်က

စူနေးချက်ထရီကိုသတိထားရပါမယ်တဲ့။

စူနေးချက်ထရီကိုဘာကြောင့်သတိထားရမလဲ

ကျွန်တော်တို့လေ့လာကြည့်ကြရအောင်ပါ။

ဘောလုံးမျိုးရိုးကဆင်းသက်လာတဲ့ချက်ထရီဟာ

လက်ရှိအိန္ဒိယဘောလုံးလောကရဲ့နာမည်အကြီးဆုံးကစား

သမားပါ။အိန္ဒိယလိဂ်ရဲ့ကြေးအကြီးဆုံးကစားသမားဆိုလည်း

ဟုတ်ပါတယ်။အိန္ဒိယနိုင်ငံရဲ့တစ်နှစ်တာအကောင်းဆုံးဆု

လေးကြိမ်လည်းဆွတ်ခူးထားပါတယ်။လက်ရှိဘောလုံး

လောကမှာနိုင်ငံအသင်းအတွက်ဂိုးသွင်းယူကြသူတွေထဲမှာ

ရိုနယ်ဒို၊မက်ဆီ၊ဒမ်ဆေးတို့ပြီးရင်ချက်ထရီကဂိုးသွင်း

အများဆုံးပါ။အမေရိကန်နိုင်ငံမေဂျာလိဂ်မှာပထမဆုံး

ကစားခဲ့တဲ့အင်ဒီးယန်းပါ။

ကလပ်အသင်းအောင်မြင်မှုတွေမှာလည်းအောင်လံ

တံခွန်တွေတလူလူစိုက်ထူထားနိုင်သူပါ။အိန္ဒိယအသင်း

အာရှဖလားခြေစစ်ပွဲအောင်မြင်ရာမှာလည်းသူ့ရဲ့

သွင်းဂိုးတွေကအခရာကျခဲ့ပါတယ်။အလိမ်အခေါက်တွေ

နဲ့ဂိုးသွင်းယူရာမှာထူးချွန်လွန်းလို့သူ့ကိုအိန္ဒိယမက်ဆီလို့

ခေါ်ကြပါတယ်။ပြီးခဲ့တဲ့ကာဂျစ်နဲ့ပွဲမှာလည်းကွင်းတစ်ဝက်လောက်ကနေဆွဲပြေးပြီးကာဂျစ်နောက်ခံလူ

တွေကိုကျော်ဖြတ်ကာသူ့ဘဝရဲ့အလှဆုံးဂိုးတစ်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒီလောက်ဆိုရင်

ချက်ထရီကိုသတိထားရမယ်ဆိုတာငြင်းစရာဘာမှမရှိပါဘူး။

ရန်ကုန်ပွဲမှာတုန်းကချက်ထရီကိုထိန်းခဲ့ရတာဒေဗစ်ထန်ပါ။

ရိုးသားစွာပြောရရင်ဒေဗစ်ထန်မထိန်းနိုင်ခဲ့ပါဘူး။

ဒီတစ်ခေါက်ချက်ထရီကိုထိန်းမှာကသက်နိုင်လားဒေးဗစ်ဒန်းလား

၊ကျော်ဇင်လွင်လား။ဘယ်သူပဲထိန်းသည်ဖြစ်ပါစေ

ည9နာရီပွဲမှာတော့ချက်ထရီကိုအိပ်ကပ်ထဲထည့်ထားနိုင်

ဖို့လိုပါတယ်။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။