အခြောက်ကာရိုက်တာကို လုံးဝ သရုပ်ဆောင်မှမဟုတ်လို့ အခြောက်ပုံစံသရုပ်ဆောင်ရမဲ့ ရုံကြီးကားကြီးကိုကျွန်တော်ငြင်းခဲ့တယ်ဆိုတဲ့ အောင်ရဲလင်း နှင့် မြန်မာနိုင်ငံမှာ အခြောက်ပေါတော သရုပ်မဆောင်ဘူးတဲ့ မင်းသားရှိသေးရဲ့လား....

အောင်ရဲလင်းက သူအခြောက်လို သရုပ်မဆောင်ဘူးလို့ပြောလာပါတယ်။ ဘယ်သူကို စောင်းပြောတာလဲဆိုတာကိုတော့.....

အောင်ရဲလင်းဟာ ယခုနောက်ပိုင်းမှာ ပုံစံတွေပြောင်းသွားပြီး ပေါတောတော အောင်ရဲလင်း မဟုတ်တော့ဘူးလို့ပြောထားပါတယ်။ သူဟာ ရုပ်ရှင်ကားတွေကို စီစစ်ပြီးရိုက်ကူးနေတယ်လို့ဆိုခဲ့ပြီး အခြောက် ဇာတ်ကောင်တော့ လုံးဝရိုက်ကူးသွားမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ ဒါဟာသူ့ခံယူချက်အနေနှင့်ပြောတာဖြစ်ပြီးလယောက်ျားလေး သရုပ်ဆောင်တစ်ယောက်အနေနှင့် အခြားလုပ်ရတဲ့ ဇာတ်တွေလည်း အများကြီးရှိတယ်လို့ဆိုပါတယ်။

သူကိုယ်တိုင်ကိုက အခြောက်ကာရိုက်တာကို မကြိုက်တဲ့ အတွက် ရိုက်မှာ မဟုတ်သလို အရင်တုန်းက သူ့ကို အခြောက်ကာရိုက်တာ အနေနှင့် သရုပ်ဆောင်ဖို့ ရုံကြီးကာ ကမ်းလှမ်းလာတာရှိသော်လည်း ကျွန်တော်မရိုက်ခဲ့ပါဘူး၊ ငြင်းခဲ့ပါတယ် ဆိုပြီးပြောထားပါတယ်။ အချို့ ပရိသတ်တွေက တော့ ယခုလို ပြောတာ ယောက်ျားပီသတယ် ဆိုပြီး အားပေးတဲ့သူတွေ ရှိသလို အချို့တွေက တော့ ယခုလိုမျိုး ပေါကားထဲက အခြောက်တွေလို မဟုတ်ဘဲ Danish Girl လိုမျိုး Gay ကာရိုက်တာဆိုရင်ရော မရိုက်ဘူးလားလို့မေးနေကြပါတော့တယ်။

တကယ်တန်း စဉ်းစားကြည့်မယ်ဆိုရင် မြန်မာ ပေါကားတွေထဲမှာ အခြောက်ကို မရယ်ရယ်အောင် အိုဗာအိုက်တင်တွေ အသုံးပြုရတဲ့ ပစ္စည်းတစ်ခုလိုမျိုး ထည့်သွင်းထားသလို သရုပ်ဆောင်တော်တော်များများကလည်း ခေတ်ရေစီးကြောင်းအတိုင်းလိုက်ကာ သရုပ်ဆောင်ကြပါတယ်။ အောက်ပိုင်း ပျက်လုံးတွေကို အသုံးပြုကာ အခြောက်ကို ရယ်စရာအနေနှင့် အသုံးပြုလာတဲ့ ခေတ်ကြီးမှာ လက်တလော အခြောက်အနေနှင့် ရုံကြီးကားကို သရုပ်ဆောင်ထားတာ ဇေရဲထက်ပဲရှိသလို အကယ်၍ အနှစ်သာရရှိတဲ့ ကားကောင်းမျိုး အကယ်ဒမီ ဆု ရနိုင်လောက်တဲ့ ဇာတ်ကားကောင်းမျိုးမှာရော အောင်ရဲလင်းစိတ်ပြန်လည်လာမလားဆိုတာကိုတော့.....

Anna

Source: Myanmarcelebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။