သမ္မတ ထရန့် နဲ့ ဇနီး တို့ ဟာ နိုဝင်ဘာလ ရ ရက်နေ့ အင်္ဂါနေ့ မှာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ ဆွေးနွေးပွဲပေါင်းများစွာ ပြုလုပ်ပြီးနောက် သမ္မတ ထရန့်ကို သမ္မတအိမ်တော်မှာ ညစာ နဲ့ တည်ခင်းဧည့်ခံ ခဲ့ပါတယ်။ သမ္မတ ထရန့်ရဲ့ ညစာစားပွဲကို တက်ရောက် ခဲ့တဲ့ ကိုရီးယားအနုပညာရှင်တွေရှိခဲ့ပါတယ်။ အဆိုတော် Park Hyo Shin နဲ့ ကိုရီးယားရိုးရာတေးဂီတ သီဆိုသူ Yoo Tae Pyung Yang တို့က အဆိုပါပွဲမှာ သီဆိုဖျော်ဖြေခဲ့ပါတယ်။ SHINee အဖွဲ့ဝင် ဖြစ်တဲ့ နာမည်ကျော် Choi Min Ho လည်းတက်ရောက်ခဲ့ပါတယ်။ ကျောင်းသူ လေးတွေ သဲသဲလှုပ်ဖြစ်သွားခဲ့ပြီး အဲ့ဒါကို မြင်တဲ့ သမ္မတ ကတော်က ဆက်တိုက်ပြုံးနေခဲ့ပါတယ်။

အဆိုတော် Park Hyo Shin ရဲ့ ဖျော်ဖြေမှု ကို Jung Jae II က စန္ဒရားတီးပြီး ပါ၀င်အားဖြည့်ကူညီခဲ့ပါတယ်။ ဒါ့အပြင် KBS ရဲ့ သံစုံတီးဝိုင်းလည်း ပါ၀င်ပါသေးတယ်။ အဆိုတော် Park Hyo Shin ကို “Wildflower” ဆိုတဲ့ သီချင်းကို သီဆိုဖို့ သမ္မတ အိမ်တော်က ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့သီချင်း ရဲ့ အဓိပ္ပာယ် ကတော့ “Wildflower” တွေဟာ ဘယ်လိုအခက်အခဲ ပဲရှိရှိ ရအောင်ပွင့်လန်းနိုင်ကြလို့ပါတဲ့။ တောင်ကိုရီးယားနဲ့ အမေရိကန် နှစ်နိုင်ငံအကြားဆက်ဆံရေးကို ရည်ညွှန်းချင်တာလည်းဖြစ်ပါတယ်။

သမ္မတ အိမ်တော်က Instagram ကနေတစ်ဆင့် အဆိုတော်တွေ ပါ၀င်သီဆိုတဲ့ ပုံရိပ်တွေကို မျှဝေခဲ့ပါတယ်။ အဆိုတော် Park Hyo Shin က သူ့ကို ယခုလိုဖိတ်ကြားခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်းပြန်လည်ပြောကြားခဲ့ပါတယ်။ အဆိုတော်တွေအပြင် မော်ဒယ် Han Hye Jin နဲ့ ဗီဒီယိုရိုက်ကူးသူ Lee Chang Dong တို့လည်းတက်ရောက်ခဲ့ပါတယ်။

Source: Korean Celebrity News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။