ယခုတစ်ပတ်မှာပြသသွားတဲ့ SBS ရဲ့နာမည်ကျော် Variety Show ဖြစ်တဲ့ “Running Man” မှာ ကံထပ်ဆိုးပြန်သူကတော့ လီကွမ်ဆူဖြစ်ပါတယ်။နိုဝင်ဘာ၁၂ရက်နေ့ကထုတ်လွှင့်ပြသခဲ့တဲ့အပိုင်းမှာဆိုရင် ဧည့်သည်များအဖြစ် Super Junior မှ လီထိုက်၊အွမ်ဟွခ်၊ဒေါင်ဟေးနဲ့ရီဆောင်တို့အပြင် Red Velvet မှ အိုင်ယန်နှင့်ဂျွိုင်း တို့ဖြစ်ပါတယ်။

ပထမဦးဆုံးကတော့အစီအစဉ်အရပါ၀င်သူအာလုံးဟာသွေးပူလေ့ကျင့်ခန်းအဖြစ် ကခုန်ရတာဖြစ်ပြီး စွမ်းအင်ဘယ်လောက်ရှိသလဲဆိုတာကိုသိစေချင်လို့လည်းဖြစ်ပါတယ်။အဲ့သည့်အချိန်မှာ Badkidz ရဲ့“EarAttack”သီချင်းထွက်ပေါ်လာချိန်မှာဂျွိုင်းကစိတ်လှုပ်ရှားစွာနဲ့ကခုန်တဲ့နေရာအလယ်ကို အွမ်ဟွခ်နဲ့အတူရောက်လာခဲ့ပါတယ်။အဲ့သည့်နောက်မှာတော့ လီကွမ်ဆူကပါကဖို့ပါ၀င်လာခဲ့ပါတယ်။ 

လီကွမ်ဆူ၊ဂျွိုင်း နဲ့အွမ်ဟွခ်တိုကသုံယောက်ဟာ သီချင်းမှာစီးချက်ကျကျကခုန်နေကြပါတယ်။အဲ့သည့်လိုကခုန်နေချိန်မှာဘဲ လီကွမ်ဆူရဲ့ဖုန်းဟာ ရုတ်တရက်ကြမ်းပြင်ပေါ်သို့ပြုတ်ကြသွားခဲ့ပါတယ်။ဖုန်းမျက်နျာပြင်ဟာလည်းကွဲအက်သွားပါတော့တယ်။ယိုဂျေဆုတ်က“မင်းကနည်းနည်းလေးမှမလွဲလိုက်ရတာကိုမရှိဘူး”ဆိုပြီးပြောပါတယ်။လီကွမ်ဆူရဲ့ပြာယာခတ်မှုဟာသူ့ကိုကံမကောင်းခြင်းတွေပြန်လာတာပါအခုတော့အနီးဆုံးဖုန်းပြောရုံဆီသွားရသလိုခံစားနေရပါတယ်လို့ပြောတဲ့အခါမှာပါ၀င်သူအားလုံးရယ်မောခဲ့ကြရခြင်းဖြစ်ပါတယ်။

Source – Koreapopnews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။