အမေရိကန် သမ္မတ ထရန့်ဟာ ၎င်း၏ အာရှခရီးစဉ် အတွင်း အာရှနိုင်ငံတွေကို သွားရောက်လည် ပတ်ခဲ့ပြီး အမေရိကန်-အာဆီယံ အစည်းအဝေးမှာ အားကောင်းပြီး အမှီအခိုကင်းတဲ့ အရှေ့တောင်အာရှဒေသဖြစ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

နိုဝင်ဘာလ ၁၃ရက်နေ့ က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ ၁၀ နိုင်ငံ ခေါင်းဆောင်တွေ အစည်းအဝေးမှာ အမေရိကန် သမ္မတ ထရန့်က ခုလို ပဲ ပြောကြားခဲ့ပါတယ်။

“ငြိမ်းချမ်းခြင်းနဲ့ လုံခြုံခြင်းကို တိုးမြှင့်လုပ်ဆောင်ဖို့ စစ်မှန်လွတ်လပ်တဲ့ အင်ဒို-ပစိဖိတ်ဒေသဖြစ်ဖို့ ကျနော်တို့ဟာ ခင်ဗျားတို့နဲ့အတူ လက်တွဲ ဆောင်ရွက်သွားမှာပါ။ ဒီဒေသဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတွေဖြစ်ကြပြီး အားလုံး တိုးတက်ကြီးပွားလိုကြပါတယ်။ ဒီနှစ်ဟာ အမေရိကန်နိုင်ငံနဲ့ အာဆီယံအဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှု အနှစ် ၄၀ ပြည့်တဲ့နှစ် ဖြစ်ပါတယ်။ ဒီအတွက် ဒေသတွင်းမှာရှိတဲ့ ကျေနာ်တို့ရဲ့ မိတ်ဘက်နိုင်ငံအားလုံးကို အားကောင်းစေချင်တယ်။ အမှီအခိုကင်းပြီး ကြွယ်ဝချမ်းသာစေချင်ပါတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ မျှော်မှန်းချက်နောက်ကွယ်က မူတွေဖြစ်ပါတယ်” 

ထရန့်ရဲ့ အာရှခရီးစဉ် ဟာ အရမ်းကြီး အဆင်ပြေချော မွေ့လှတယ်တော့ မဟုတ်ပါဘူး သူ့ရဲ့ ဖိလစ်ပိုင်ခရီးစဉ်မှာ ဆိုရင်လည်း ဖိလစ်ပိုင်ပြည်သူတွေရဲ့ဆန္ဒပြ မှု တွေ ကို ကြုံတွေ့ခဲ့ရပြီး၊ ခရီးစဉ် အတွင်းမှာ တောင်ကိုရီးယားကို လက်နက်ရောင်းချမှု သဘောတူ စာချုပ် ချုပ်ခြင်းများ ပြု လုပ်ခဲ့တယ်လို့ သိရပါတယ်။

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။