အကယ်ဒမီပြေတီဦး ဟာ သူကိုယ်တိုင်ဦးစီးဖွင့်လှစ်ထားတဲ့ ပြေတီဦးဖောင်ဒေးရှင်းမှာ မျိုးဆက်သစ်လူတော်လူကောင်းများစွာကို မွေးထုတ်ပေးနိုင်တာဖြစ်ပါတယ်။

လက်တလောမှာတော့ နာမည်ကျော်ရုပ်ရှင်မင်းသားတစ်လက်ဖြစ်တဲ့ ပြေတီဦးက သူ့ရဲ့ ဖောင်ဒေးရှင်းကနေ ပျိုးထောင်ပေးလိုက်တဲ့ ဆရာဝန်လူငယ်လေးတစ်ဦးကြောင့် ၀မ်းသာပိတိဖြစ်နေကြောင်း ဖွင့်ဟထားပါတယ်။

စီးပွားရေးအဆင်မပြေတဲ့လူငယ်များကို ပညာသင်စရိတ်ထောက်ပံ့ပေးပြီး ပညာတတ်များဖြစ်တဲ့အထိ အကုန်ကျခံပျိုးထောင်ပေးနေတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်ပါတယ်။

ပြေတီဦးကတော့ သူ့ရဲ့ ဖောင်ဒေးရှင်းက ပျိုးထောင်ပေးလိုက်တဲ့ လူငယ်တွေအနက် ဆရာဝန်ဖြစ်သွားတဲ့ လူငယ်လေးတစ်ယောက်အကြောင်း ကြားရတဲ့မင်္ဂလာသတင်းကို မျှဝေထားပါတယ်။

“ကြားရတဲ့သတင်းကမင်္ဂလာရှိလိုက်တာ...

ဖောင်းဒေးရှင်းကတာဝန်ယူပေးခဲ့တဲ့ဆေးကျောင်းသား..

အခုတော့ ဆရာဝန်ဖြစ်နေပြီ....

နှစ်စဉ် ဖောင်ဒေးရှင်းနှစ်ပတ်လည်တွေ့ဆုံပွဲတွေမှာ

မပြည့်စုံတာ ရှက်စရာမဟုတ်တဲ့အကြောင်း...

အခက်အခဲကြားထဲက အောင်မြင်အောင်ကြိုးစားနိုင်တာက

ပိုတန်ဘိုးရှိကြောင်း..သူ့ဘဝ ဘယ်လောက်ထိ မပြည့်စုံမှုတွေနဲ့ ကြိုးစားခဲ့ရကြောင်း ဖောင်ဒေးရှင်းက သူ့ရဲ့ ဂျူနီယာ ကလေးတွေကို အမြဲပြောပြတတ်တဲ့သူ...

အခုတော့ကြည့်ပါဦး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တာဝန်နဲ့

သွားနေရတယ်တဲ့...ကြည်နူးပြီးဝမ်းသာလိုက်တာလေ...

ဒါ့အပြင် နိုင်ငံအတွက် ပရဟိတ လုပ်ငန်းတွေလည်း အများကြီးလုပ်နေတာတွေ ကြားသိနေရတယ်...

ဆရာဝန်ဖြစ်သွားပေမယ့် ဖောင်ဒေးရှင်းကို အဆက်မဖြတ်ပဲ...ဖောင်ဒေးရှင်းကနေ ဆရာဝန်ဖြစ်သွားတာကို ရှက်စရာ မဟုတ်ပဲ ဂုဏ်ယူစရာလို့ ခံယူနိုင်တဲ့ ညီလေး..ဘဝမှာ အဆပေါင်းများစွာ အောင်မြင်တိုးတက်ပါစေ....နိုင်ငံအကျိုးကို အများကြီးထမ်းဆောင်နိုင်တဲ့သူဖြစ်ပါစေ....

ဂုဏ်ယူလျက်ပါ ညီလေး..ဒေါက်တာဇော်ဝင်းမြင့်...

အကို့တို့ရဲ့ ဖောင်ဒေးရှင်းကနေ ညီလေးလို နိုင်ငံကို ပြန်လည်အလုပ်အကျွေးပြုနိုင်တဲ့သူတွေ များများပေါ်ထွက်ပါစလို့ ဆုတောင်းပါတယ်...."

ကဲ ပရိသတ်ကြီးလည်း ပြေတီဦးရဲ့ ဖောင်ဒေးရှင်းအတွက် ၀မ်းသာပိတိဖြစ်မယ်လို့ ထင်ပါတယ်။ 

Source : Pyay Ti OO fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။