“2017 RAIN IS BACK” လို့ အမည်ရ တဲ့ ရှိုးပွဲ နဲ့ ရိန်းဟာ ပရိသတ်တွေ ဆီကို တဖန်ပြန်လာတော့မှာပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်တာကာလ အနုပညာလှုပ်ရှားမှု ကာလ အတွင်း ရိန်းရဲ့ အဆိုတော် အဖြစ် အောင်မြင်မှု တွေ ကို ပရိသတ်တွေကို ကျေးဇူးတင်တဲ့ အနေနဲ့ အခုလို ရှိုးပွဲနဲ့ ပြန်လည်တင်ဆက်တော့မှာပါ။ “2017 RAIN IS BACK” ရှိုးပွဲကို ဒီဇင်ဘာလ ၃ ရက်နေ့မှာ KBS 2TV ကနေ သီးသန့်ထုတ်လွှင့်သွားမှာပါ။ ယခုအခါမှာ တော့ ရိန်းဟာ သူ့ရဲ့ သီချင်းကောင်းတွေကို စုစည်းထားချက်တွေပါ၀င်တဲ့ ၆၀ မိနစ်စာတင်ဆက်မှု အတွက်ပြင်ဆင်နေပါပြီ။

ရိန်းဟာ တောင်ကိုရီးယား အနုပညာရှင်တွေ ထဲမှာ အောင်မြင်တဲ့ တစ်ကိုယ်တော် အမျိုးသား အဆိုတော် အဖြစ် ၁၅ နှစ်ကြာရပ်တည်လာခဲ့ပါတယ်။ KBS ရဲ့ “The Unit” မှာလည်း ပါ၀င်ကူညီဦးမှာပါ။ “The Unit” မှာပါ၀င်ရတဲ့ ရိန်း ရဲ့ ရည်ရွယ်ချက်ကတော့နောက်လူ ဂျူနီယာတွေကို အတွေ့အကြုံကောင်းတွေ မျှဝေချင်လို့ပါတဲ့။ ရိန်း ရဲ့ မီနီအယ်လ်ဘမ်ဖြစ်တဲ့ “My Life” ကိုတော့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဖြန့်ချီမှာပါ။

“2017 RAIN IS BACK” အတွင် အသံသွင်းမှုတွေကို နိုဝင်ဘာလ ၂၁ ရက် ၈ နာရီအချိန်မှာ ဆိုးလ်မြို့ Yeoido မှာ ရှိတဲ့ KBS Hall မှာ ပြုလုပ်မှာပါ။ “2017 RAIN IS BACK” ရှိုးပွဲကို ဒီဇင်ဘာလ ၃ ရက်နေ့မှာ KBS 2TV ကနေ သီးသန့်ထုတ်လွှင့်သွားမှာဖြစ်ကြောင်း ပရိသတ်ကို သတင်းကောင်းပါးလိုက်ရပါတယ်။ ရိန်း ကို ချစ်ခင်နှစ်သက်ကြတဲ့ ပရိသတ်တွေ အတွက် ရိန်းက ဘယ်လိုစီစဉ်တင်ဆက်မယ်ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Source: Korean Celebrity News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။