နာမည်ကျော် Goblin ဇာတ်လမ်းတွဲမှဇာတ်ဝင်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Stay With Me,” သီချင်းဟာဆိုရင် YouTubeမှာကြည့်ရှု့သူပေါင်း မီလျှံ ၁၀၀အထိရှိခဲ့ပြီဖြစ်ပါတယ်။အဆိုပါတေးသီချင်းအား EXOအဖွဲ့မှ Chanyeol နဲ့ တေးသံရှင်Punchတို့မှတွဲဖက်သီဆိုထားတာလည်းဖြစ်ပါတယ်။

အဆိုပါတေးသီချင်းဗီဒီယိုဟာ၂၀၁၁၆ခုနှစ်ဒီဇင်ဘာလတွင်စတင်ထွက်ရှိခဲ့တာဖြစ်ပြီးGolbinဇာတ်လမ်းတွဲအတွက်ပထမဆုံးထွက်ရှိလာခဲ့တဲ့ဇာတ်ဝင်တေးသီချင်းလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၂ရက်နေ့မှာဆိုရင်YouTubeမှာကြည့်ရှု့သူပေါင်းမီလျှံ၁၀၀အထိရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင်အဆိုပါတေးသီချင်းဗီဒီယိုဟာလူကြိုက်များလှသလိုတေးသီချင်းwebsiteတွေရဲ့ကြည့်ရှုနှုန်းမှာလည်းမြင့်မားလှကြောင်းသိရပါတယ်။ 

အဆိုပါဇာတ်ဝင်တေးStayWithMeရဲ့စစချင်းအဝင်သံစဉ်ကပင်Golbinဇာတ်လမ်းတွဲရဲ့ဇာတ်ဝင်သီချင်းဖြစ်ကြောင်းကိုသိကြားနိုင်လောက်တဲ့အထိအောင်မြင်စေတာမျိုးလည်းဖြစ်ပါတယ်။အဆိုတော်Punchရဲ့ချိုမြမြအသံလေးနှင့်အတူChanyeolရဲ့ခပ်ပြင်းပြင်းရှရှRapရွတ်ဆိုမှုတွေဟာကြားရသူကိုနားသောတပသာဒဖြစ်ရစေတဲ့အထိကောင်းမွန်တေးသီချင်းလည်းဖြစ်ပါတယ်။

Source- koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။