မြန်မာလူမျိုးတိုင်းရင်းသား ဒေသတွေကို နောက်ခံ အခြေပြုထားတဲ့ ဝတ္တုတိုတွေ ပါဝင်တဲ့ တိမ်မြှပ်နေသော စကားလုံးများ ၊ တိမ်မြှပ်နေတဲ့ ကမ္ဘာ ( Hidden words , hidden World ) စာအုပ်ကို အင်္ဂလန်နိုင်ငံမှာ ဖြန့်ချိလိုက်ပြီ ပဲဖြစ်ပါတယ်။ ဗြိတိသျှကောင်စီရဲ့အစီအစဉ်နဲ့ ထုတ်ဝေခဲ့တာဖြစ်ပြီး ဒီစာအုပ်မှာ ချင်း ၊ ရှမ်း ၊ ကချင် နဲ့ အခြားတိုင်းရင်းသား စာရေးဆရာတွေ ရေးသားထားတဲ့ ဝတ္တုတို ၁၄ ပုဒ် ပါဝင်တယ်လို့သိရပါတယ်။

စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က လန်ဒန်က Asia House နဲ့ တခြား မြို့တွေက စာအုပ်ဆိုင်တွေမှာပါ ကျင်းပခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း နော့ဝစ်ချ်မှာ ကျင်းပခဲ့ပါသေးတယ်။ ဒီစာအုပ်မှာ ပါဝင်တဲ့ ဝတ္တုတိုတွေကို ယခင်က တိုင်းရင်းသား ဘာသာ မြန်မာ ဘာသာတွေနဲ့ ပြည်တွင်းမှာ ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။ 

ကျွန်တော်ကိုယ်တိုင်တော့ ၂ ပုဒ်ပါဝင်ရေးသားထားပြီး တပုဒ်က ကိုယ်တိုင်ရေးတာဖြစ်သလို ကျန်တဲ့ တပုဒ်က ချင်းပြည်နယ် က ဇာတ်လမ်းတပုဒ်ကို ဘာသာပြန်ပေးတာဖြစ်တယ်လို့ အင်္ဂလန်ကို ရောက်နေတဲ့ စာရေးဆရာ ၊ ကဗျာဆရာ လကျာ်ထွန်းက ပြောပါတယ်။ 

Source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။