ဒေးဗစ်ဘက်ခမ်း နဲ့ ဗစ်တိုးရီးယား ဘက်ခမ်းတို့ရဲ့ သား Brooklyn Beckham ဟာ ပရိသတ်တွေ သို့လော သို့လော နဲ့ ရင်ခုန်အောင်လုပ်ခဲ့ပါတယ်။ Brooklyn Beckham ဟာ သူ့ရဲ့ ချစ်သူ မင်းသမီး Chloe Moretz နဲ့ Manhattan စားသောက်ဆိုင်ကို အတူတွဲသွားခဲ့တာကို ပရိသတ်တွေတွေ့ခဲ့ကြပါတယ်။ Brooklyn Beckham ဟာ အသက် ၁၈ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့ ချစ်သူ မင်းသမီး Chloe Moretz ကတော့အသက်၂၀ ရှိပါပြီ။ Brooklyn Beckham ရဲ့ အမှတ်မထင်လုပ်ရပ်တစ်ခုကြောင့် ပရိသတ်တွေ ရင်ခုန်သွားခဲ့ရပါတယ်။

Brooklyn Beckham ဟာ အမှတ်မထင် သူ့ရဲ့ ချစ်သူ မင်းသမီး Chloe Moretz ရဲ့ ရှေ့မှာ ဒူးထောက်ချလိုက်ပါတယ်။ အဲ့ဒီ့ အခိုက်အတန့် ကို ပရိသတ်တွေ ရင်ဖိုသွားတာပါ။ သူ့ရဲ့ ချစ်သူကို လက်ထပ်ခွင့်တောင်းနေတယ့်ပုံစံ မျိုးဖြစ်သွားတာပါ။ အမှန်တော့ သူပြုတ်ကျသွားတဲ့ ပိုက်ဆံတချို့ကို ဒူးထောက်ပြီး ကောက်ယူခဲ့တာပါ။ ၂၀၁၅ ခုနှစ်တုန်းက သူတို့ ခေတ္တလမ်းခွဲခဲ့ပါသေးတယ်။ ယခုတော့ ပြန်လည်ချစ်ကြိုက်နေကြပြီဖြစ်ပါတယ်။

မကြာသေးမီက နွေရာသီကာလ တစ်လျှောက် မှစပြီး သူတို့နှစ်ယောက် ပြန်လည် ချစ်ကြိုက်နေခဲ့တာပါ။ သူတို့နှစ်ယောက် အတူတူ ဘောလုံးပွဲသွားကြည့်တဲ့ ဓာတ်ပုံကို Instagram မှာတင်ခဲ့ပါသေးတယ်။ ဒေးဗစ်ဘက်ခမ်း နဲ့ ဗစ်တိုးရီးယား ဘက်ခမ်းတို့ရဲ့ သား Brooklyn Beckham ဟာ အောင်မြင်တဲ့ ဓာတ်ပုံဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ စက်တင်ဘာလမှာတော့ ဒီဇိုင်းကျောင်းမှာ စတင်ပညာသင်ကြားခဲ့ပါတယ်။

Source: International Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။