ချဲလ်ဆီးကွင်းလယ်လူဘာကာယိုကိုက အသင်းဖော်ကန်တီက မိမိထက်ပိူကောင်းသူမဟုတ်ဟုဆိုခဲ့ပါတယ်။ ဘာကာယိုကိုအပနေဖြင့် ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုရ ကန်တီဟာ သူ့ထက်ပိုကောင်းတဲ့ကစားသမားမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အသက်(၂၃)နှစ်အရွယ်ကစားသမားဟာ လက်ရှိပြင်သစ်အသင်းလူစာရင်းမှာ နည်းပြဒက်ချမ့်ရဲ့ချန်လှပ်ခြင်းကိုခံခဲ့ရပါတယ်။

ဒါ့အပြင် ဘာကာယိုကိုက အောက်တိုဘာလမှာ ကစားခဲ့တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်(၂)ပွဲမှာလည်း ပါ၀င်ခဲ့ခြင်းမရှိပါဘူး။ ယခုအခါမှာ ဘာကာယိုကိုက နည်းပြဒက်ချမ့်ရဲ့ဆုံးဖြတ်ချက်ကို လေးစား မှုရှိတယ်လို့ပြောကြားခဲ့ပါတယ်။ သူဟာ ဒက်ချမ့်ရွေးချယ်ခဲ့တဲ့ကစားသမားတွေလောက် ကောင်းမွန်တဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ ဘာကာယိုကိုအနေဖြင့် လက်ရွှေးစင်မှာ အရွှေးမခံခဲ့ရတဲ့အတွက် စိတ်ပျက်နေပါတယ်။

ဘာကာယိုကိုက “ ကျွန်တော်စိတ်ပျက်ခဲ့ရပါတယ်။ ရာဘီယော့၊ ကန်တီ၊ မာတူဒီနဲ့ တိုလစ်ဆိုတို့ဟာ ကျွန်တော့်ထက်ပိုကောင်းတဲ့သူတွေမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ နည်းပြရဲ့ရွေးချယ်မှုကို ကျွန်တော်လေးစားပါတယ်။ ရွေးချယ်ခံရတဲ့ကစားသမားတွေကိုလည်း လေးစားမှုရှိပါတယ်။ သူတို့ဟာ အရည်အချင်းရှိသလို ကျွန်တော့်ရဲ့သူငယ်ချင်းတွေလည်းဖြစ်ပါတယ်။ သူတို့ရွေးချယ်ခံရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ သူတို့နဲ့အတူ ကျွန်တော်လည်းပါ၀င်ချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Source – Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။