သူူခိုးကြီးညမှာ ချက်စားဖို့ အရိုက်ခံရတဲ့ခွေးလေး

အောက်ဖော်ပြပါ လိပ်စာတွေမှာ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

မနေ့ကညက သူခိုးကြီးညမှာ ချက်စားဖို့ အရိုက်ခံရတဲ့ ကလေးမပါ။ မြောက်ဥက္ကလာ သစ္စာပန်းလမ်းမကြီးက လေလွင့်ခွေးမလေးဖြစ်ပါတယ်။ ပတ်ဝန်းကျင်က လူတိုင်း သူမကို ချစ်ကြပြီး အစာလည်း ကျွေးကြပါတယ်။ လူလည်း တစ်အားယဉ်ပါတယ်။ ဒေသခံတွေက အဲ့နားမှာ အရက်ဆိုင်တွေပေါတော့ သူခိုးကြီးညမှာ အမြည်းလုပ်ဖို့ သတ်စားကြတာ လို့ ပြောပါတယ်။ သူမခမျာ ဘယ်လောက်တောင် ကြောက်လန့်တကြား သေငယ်ဇောနဲ့ အတင်းထွက်ပြေးလာရမလဲဆိုတာ ဒဏ်ရာတွေကြည့်ပြီး သိနိုင်ပါတယ်။ အရမ်းလည်း စိတ်မကောင်းဖြစ်မိပါတယ်။ ခွေးမလေးကတော့ အရိုက်ခံထားရတဲ့ဒဏ်ကြောင့် မျက်လုံးတစ်ဖက်လည်း အပြင်ကို ကျွတ်ထွက်လာပြီး သွေးတွေလည်း မျက်နှာပေါ် စီးကျတာ ကြာပြီမို့ ခြောက်သွေ့နေပါတယ်။ ခါးအောက်ပိုင်းနဲ့ ခြေထောက်လည်း ယောင်ကိုင်းပြီး မလှုပ်နိုင်တော့ပါဘူး။ လမ်းကို လုံးဝ မလျှောက်နိုင်တော့ပဲ ကားလမ်းဘေး နေပူခေါင်ထဲ လဲကျနေတဲ့ သူမကို ကြည့်ရတာ အတော်လေး မသက်မသာ ရှိလှပါတယ်။ ယခုတော့ ဆေးခန်းကို ခေါ်သွားပါပြီ။ မျက်လုံးတစ်ဖက် အရေးပေါ် ခွဲစိတ်ထုတ်ပစ်ရမယ့် အခြေအနေပါပဲ။ သူမနာမည်ကိုတော့ နေရပ်ဒေသက ိုအစွဲပြုပြီး #မယ်သစ္စာ လို့ ပေးထားပါတယ်။ မယ်သစ္စာလေး ဒဏ်ရာတွေ မြန်မြန်ပြန်ကောင်းဖို့ ဆုတောင်းပေးကြပါဦးနော်။

လေလွင့် ဝေဒနာသည် ခွေးလေး ကြောင်လေးများအတွက် ဆေးကုသမှု ပေးနိုင်ရန်အလို့ငှာ စေတနာရှင်များမှ လှောင်အိမ်များ လည်ပတ်များ ချိန်းကြိုးများ ဆေးဝါးများ ကတ်ထူစက္ကူများ သတင်းစာများ ကြက်ပေါင်းရည် ဆန်အိတ် ကြက်ဥ ပူတင်းပေါင်မုန့် သစ်သားကွပ်ပျစ်နှင့် ထင်းများ စသဖြင့် လှူ ဒါန်းလိုပါလျှင်

မနှင်းဆီမြင့် - 999 307 999 067 33 701 ( KBZ bank ATM account )

Hnin Si Myint - 00 84 600 1 00000 442

( CB bank account )

Ph No - 09250359044, 0932241699, 09795509781

အမှတ် ၁၃ / ၅ ရွှေနံ့သာ အုပ်စု လေးထောင့်ကန် စံပြကျေးရွာ မင်္ဂလာဒုံမြို့နယ်။ ( အမှတ် ၃ လမ်းမ ဂိတ်ဟောင်း မှတ်တိုင် London စက်ရုံ ရှေ့တည့်တည့်က စင်္ကာပူ ဓမ္မရောင်ခြည်သို့ဟု မြှားပြထားသော လမ်းထဲ ငါးမိနစ်ခန့် ကားမောင်းဝင်လျှင် ရောက်ပါသည်။ လမ်းထိပ်တွင် Golden Heart Animal Rescue လမ်းညွှန်မြှားလေးတွေ ရှိပါသည်။ ) သို့ ဆက်သွယ် လှူ ဒါန်းပေးနိုင်ကြပါတယ်ရှင်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။