ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့ သရုပ်ဆောင် နိုင်လူဟာ ယနေ့ နိုဝင်ဘာ (၁၄)ရက်နေ့မှာ ကျရောက်တဲ့ သမီးလေး ခေတ်ဆည်းဆာရဲ့ မွေးနေ့အလှူအဖြစ် လှူဒါန်းမှုများကို ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်..။

သရုပ်ဆောင် နိုင်လူဟာ သူ့ရဲ့ သမီးလေး (၁)နှစ်ပြည့်အတွက် မွေးနေ့အလှူလေးကို နေအိမ်မှာ ပျော်ရွှင်စွာ ပြုလုပ်ကျင်းပခဲ့ပါတယ်..။

မွေးနေ့အလှူအဖြစ် သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူခဲ့ပြီး ဧည့်ပရိသတ်တွေကိုလည်း ရေခဲမုန့်နဲ့ ဒံပေါက်ကို ဧည့်ခံကျွေးမွေးခဲ့တယ်လို့ သိရပါတယ်..။

ထို့ပြင် မွေးနေ့အမှတ်တရအဖြစ် မိဘမဲ့ဂေဟာနဲ့ စိတ်တ္တဇဆေးရုံတို့မှာလည်း အလှူငွေများ သွားရောက်လှူဒါန်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်..။

မွေးနေ့အလှူလေးကို နံနက်(၁၁)နာရီမှ နေ့လည်(၁)နာရီအထိ သုဝဏ္ဏရေစက်မှတ်တိုင်အနီး့ ခြံအမှတ် (၁၁၁) နေအိမ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

မွေးနေ့အလှူလေးကို နိုဝင်ဘာ(၁၃)ရက်နေ့က သူအသုံးပြုတဲ့ fb စာမျက်နှာမှတဆင့် ပရိသတ်များကိုလည်း ဖိတ်ကြားထားတာ တွေ့ရပါတယ်..။

မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ

ပြည့်သူ့အချစ် သမီး ခေတ်ဆည်းဆာ ရဲ့ (1) နှစ်ပြည့်မွေးနေ့သို့ကြွရောက်ပါရန်

လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်

နေ့ရက် ----- 14 _11-2017

နေရာ----------ခြံအမှတ်၁၁၁၊ ရေနံသာလမ်းနှင့်နီလာလမ်းထောင့်၊ သုဝဏ္ဏရေစက်မှတ်တိုင်အနီး

အချိန်----------------နံနက် ၁၁ နာရီမှ နေ့လည် ၁ နာရီ အထိ” လို့ ရေးသားဖိတ်ကြားထားတာ တွေ့ရပါတယ်…။

ချစ်စရာကောင်းတဲ့ သမီးလေး ခေတ်ဆည်းဆာရဲ့ မွေးနေ့ပွဲလေးကို အနုပညာရှင် ညီအစ်ကိုမောင်နှံမများလည်း တတ်ရောက်ခြ့တယ်လို့ သိရပါတယ်..။

ဇာတ်ကားတိုင်းလိုလိုမှာ ဗီလိန်ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး အနုပညာလောကမှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်..။

ဗီလိန်ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်မှုများပြားတဲ့အတွက် ချစ်ခင်အားပေးတဲ့ ပရိသတ်တွေရှိသလို ဝေဖန်တဲ့ ပရိသတ်တွေကိုလည်း အပြုံးမပျက်တုန့်ပြန်မှုတွေလည်း တွေ့ရပါတယ်..။

လတ်တလောမှာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်နေပြီး သားသားမီးမီးတွေနဲ့တအူ သာယာပျော်ရွှင်တဲ့ မိသားသစုဘဝလေးကို ဖြတ်သန်းနေတယ်လို့ သိရပါတယ်..။

Source - Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။