နိုဝင်ဘာလ ၂၅ရက်နေ့မှာBlueDragonAwardဆုပေးပွဲကိုကျင်းပမည်ဖြစ်ပါတယ်။အဆိုပါဆုပေးပွဲကို နာမည်ကျော်ဝါရင့်သရုပ်ဆောင်ကင်ဟေဆိုးကအစီစဉ်တင်ဆက်သူအဖြစ်ပါ၀င်မယ်လို့သိရပါတယ်။ကင်ဟေဆိုးဟာဆိုရင်အဆိုပါဆုပေးပွဲကဲ့သို့သောပွဲများကိုအစီအစဉ်မှုးအဖြစ်ပါ၀င်တင်ဆက်ပေးနေသည်မှာ ၁၉၉၄ခုနှစ်ကတည်းကပင်ဖြစ်ပါတယ်။ 

အဆိုပါပွဲတွင်ဝတ်ဆင်မည့်သူမ၏အကျင်္ ီအရောင်မှာဆိုရင်ဖြင့်အနက်ရောင်နှင့်အပြာရောင်ဖြစ်ပါတယ်။ဓါတ်ပုံရိုက်ကွင်းမှသုူမ၏ကိုယ်ဟန်ပြမှုများမှာပရိုဖက်ရှင်နယ်ဆန်စွာအင်အားအပြည့်ဖြင့်ရှိနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ BlueDragonAward ဆိုတာကအနုပညာရျင်တွေအတွက်အရည်အချင်းကို စစ်ထုတ်ပြသပေးတဲံအရာတစ်ခုဖြစ်သလို အဲ့သည့်ဆုတွေနဲ့ပတ်သတ်ပြီးတော့ အတွေ့အကြုံတွေ စိန်ခေါ်မှုတွေကိုပါရရှိစေခဲ့တာဖြစ်တယ်လို့လည်းပြောပါတယ်။

BlueDragonAwardကို၁၉၆၃ခုနစ်ကတည်းကစတင်ပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။ကိုရီးယားရုပ်ရှင်ထူးချွန်ဆုဖြစ်တဲ့BlueDragonAwardဆုစာရင်းမှာပါ၀င်တဲ့ဇာတ်လမ်းများဟာဆိုရင်လည်းအထူးကောင်းမွန်ကျော်ကြားပြီးဇာတ်လမ်းဇာတ်အိမ်ခိုင်မာကာပါ၀င်သောသရုပ်ဆောင်များမှာလည်းအထူးကောင်းမွန်မှသာ ရရှိန်ိုင်သော ဆုမျိုးလည်းဖြစ်ပါတယ်။

Source - kpopstars

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။