ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်က အမေရိကန်ပြည်ထောင်စုရှိ လာနီညာ စောင့်ကြပ်ကြည့်ရှုရေးဗဟိုဌာနဖြစ်တဲ့ NOAA က ၂၀၁၇-၂၀၁၈ ဆောင်းရာသီ ကာလဟာ အားအနည်းငယ်သာရှိတဲ့ လာနီညာနှစ် တရားဝင်ဖြစ်ပါပြီလို့ ကြေညာသွားခဲ့ပါတယ် ။လာနီညာ ဖြစ်ပေါ်နေသော်လည်း အာရှတိုက်နှင့် မြန်မာနိုင်ငံသို့ သက်ရောက်နိုင်မှုမရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ပြောကြားသည်။ 

လာနီညာနှစ်ဆိုတာ “တောင်ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်ကမ်းတွင်ရှိသော တောင်အမေရိကတိုက် အနောက်ဘက် ကမ်းရိုးတန်းနိုင်ငံများဖြစ်သည့် အီကွေဒိုနှင့် ပီရူးနိုင်ငံ ကမ်းလွန်ဒေသရှိ ပင်လယ်ရေအေးများသည် အီကွေတာတစ်လျှောက် အနောက်ဘက်ကို စီးဆင်းလာရာတွင် လာနီညာစောင့်ကြည့်သည့် ဒေသများဖြစ်သော Nino-1 ၊ Nino-2 ၊ Nino-3 နှင့် Nino-4 ဧရိယာများအတွင်း ပင်လယ်ရေမျက်နှာပြင် အပူချိန် ပုံမှန်အောက် ၀ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် ကျော်လွန်အောင် ကျဆင်းသွားခဲ့ပါက ရေအေးစီးကြောင်းများသည် ပစိဖိတ်အရှေ့ဘက်မှ အနောက်ဘက်သို့ စီးဆင်းသွားသည်ဟု သတ်မှတ်ကြောင်း” အဆိုပါဖြစ်စဉ်ကို လာနီညာဟု ခေါ်ခြင်းဖြစ်တယ်လို့ ဒေါက်တာဦးထွန်းလွင်က ပြောပြပါတယ်။

ယခုနှစ်အတွင်းမှာတော့ အားနည်းတဲ့ လာနီညာ ဖြစ်နေပြီးအီကွေတာ ရေအေးစီးကြောင်းများရဲ့ အနောက်ဘက် တိုးဝင်မှု နယ်နိမိတ်ဟာ ရက်စွဲသတ်မျဉ်းတောင် မကျော်ဘူး အာရှနယ်နိမိတ်အထိ မရောက်ဘူးလို့သိရပါတယ်။အဲ့ဒါကြောင့် လာနီညာရာသီဥတုဖြစ်တဲ့ အေးပြီး စွတ်စိုတဲ့ ဆောင်းရာသီဥတုဟာ အာရှတိုက်အထိ ရောက်မလာနိုင်ဘဲ တောင်တရုတ်ပင်လယ်ပြင် အစပ်လောက်အထိသာ ရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။အဖြေကတော့ လာနီညာရာသီနှစ် ဖြစ်ပေမယ့် အာရှတိုက်ဆောင်းဟာ အေးပြီး စွတ်စိုရမယ့်အစား အအေးပေါ့ပြီး ခြောက်သွေ့တဲ့ဆောင်း ဖြစ်လာရပါတယ်”ဟု ဒေါက်တာဦးထွန်းလွင်က ပြောကြားပါတယ်။

ထို့ပြင် ၂၀၁၇ ခုနှစ် အောက်တိုဘာမှ စတင်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလအထိ မိုးရွာသွန်းမှု ခန့်မှန်းချက်အနေဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းမြောက်ပိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ရွာသွန်းမြဲအောက် လျော့နည်းပြီး ကျန်ဒေသများတွင် ရွာသွန်းမြဲခန့် ရှိနိုင်ကြောင်း၊ ရွာသွန်းမြဲထက် ပိုနိုင်သည့်ဒေသ မပါရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင် က ဆက်လက်ပြောကြားတာပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - Eleven Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။