အင်းစိန်ဆေးဝါးစက်ရုံမှာ Morphine Sulfate Tablet (10 mg) ဆေးပြား နဲ့ Morphine Sulfate Syrup (1mg/ ml) ဆေးရည် ကို ပထမဆုံးအဖြစ်ထုတ်လုပ်ဖြန့်ချီနေပြီ ဖြစ်ပြီး အဆိုပါဆေးကို ကင်ဆာရောဂါ ဝေဒနာသည်များ ခံစားရသည့် နာကျင်မှု တွေကို သက်သာ စေတယ်လို့ သိရပါတယ်။

“ဒီဆေးက မူးယစ်အနွယ်ဝင် ဆေးဖြစ်လို့ ပြည်သူ့ဆေးရုံတွေဆိုရင် ဆေးရုံအုပ်ကြီး လက်မှတ်နဲ့ ဖြန့်ဖြူးပေးမှာ ဖြစ်ပြီး ပုဂ္ဂလိက ဆေးရုံတွေ ဆိုရင်တော့ အထူးထိန်းချုပ်ဆေးဝါးရောင်းချခွင့် လိုင်စင်ရှိတဲ့ ဆေးရုံတွေကို ရောင်းချမှာပါ။ ပြည်သူ့ဆေးရုံတွေအတွက် ဖြန့်ပြီးလို့ ပိုမှ ပုဂ္ဂလိကဆေးရုံတွေကို ရောင်းမှာပါ” အင်းစိန်ဆေးဝါးစက်ရုံမှူး ဒေါက်တာ အောင်ဇော်က ပြောကြားခဲ့ပါသေးတယ်။

အင်းစိန်ဆေးဝါးစက်ရုံမှာ ထုတ်လုပ်မဲ့ မော်ဖင်းဆာလ်ဖိတ် ဟာ ပြင်ပဈေးကွက်မှာ ရှိနေတဲ့ နှုန်းတွေထက် အများကြီးသက်သာ ပြီး ဆေးရည်တပုလင်းကို ၃ သောင်းကျပ်ဖြစ်ပြီး ဆေးလုံး ၁၀၀ ပါ တဗူးကို ၂ သောင်းခွဲ ဖြင့် ရောင်းချသွားမယ်လို့လည်း သိရပါတယ်။ လက်ရှိတွင် အင်းစိန်ဆေးဝါးစက်ရုံမှ ဆေးအမယ်ပေါင်း ၁၈၆ မျိုး ထုတ်လုပ်နေတာ ဖြစ်ပြီး နှစ်ကုန်ရင် အမျိုး ၂၀၀ လောက် ဖြစ်လာဖို့ရှိတယ် လို့ သိရပါတယ်။

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။