ရပ်ကွက်အတွင်း လက်နက်ကိုင်ဆောင်ပြီး သွားလာနေသူအား အရေးယူ

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၃ နာရီ ၁၀ မိနစ်အချိန် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ထားဝယ်ကမ်း(၂)ရပ်ကွက်၊ သီတာလမ်းအရောက်တွင် အဆိုပါ ရပ်ကွက်နေ နိုင်လင်းထက်(ခ)နောင်ဗျော့(၁၈)နှစ်အား မသင်္ကာသဖြင့် စစ်ဆေးရာ ၎င်း၏ လက်အတွင်းမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်း ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းအား မြိတ်မြို့မရဲစခန်း(ပ)၂၀၃၂/၂၀၁၆၊ လက်နက်များအက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။