သရုပ်ဆောင်မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းဟာ ခင်ပွန်းဖြစ်သူ စတီဗင် နာမည်ပါအောင် ရင်သွေးလေးကို နာမည်ပေးသွားမယ့်လို့ ဆိုပါတယ်..။

သဉ္ဇာနွယ်ဝင်းဟာ သူမရဲ့ သားဦးလေးကို ပြီးခဲ့တဲ့ နိုဝင်ဘာ(၇)ရက်နေ့မှာ ဝိတိုရိယဆေးရုံမှာ အောင်မြင်စွာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်..။

ဂျူးဒိတ်မရောက်ခင် စောမွေးခဲ့ပေမယ့် ကျန်းကျန်းမာမာနဲ့ အခက်အခဲမရှိ အောင်မြင်စွာ မွေးဖွားခဲ့တာ ဖြစ်ပြီး ကိုယ်ဝန်ဆောင်ကာလမှာလည်း ကုသိုလ်ရေးတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်..။

သဉ္ဇာနွယ်ဝင်းက သားဦးလေးဖြစ်တဲ့ ရင်သွေးလေးရဲ့နာမည်ကို ခင်ပွန်းဖြစ်သူရဲ့ နာမည်ပါအောင် ပေးချင်တယ်လို့ အင်တာဗျူးတစ်ခုမှာ အခုလို ဖြေကြားထားပါတယ်..။

“သဉ္ဇာတို့က ကြိုမွေးမှာဆိုတော့ ဘယ် နေ့ကို မွေးမှန်းမသိသေးတဲ့ အခါကျတော့ နေ့နံနဲ့ကိုက်ပြီး နာမည်လေးကို မှည့်ချင် တာလေ။ အဲဒါကြောင့် ကြိုရွေးမထားသေး တာပါ..။

သဉ္ဇာက သူ့အဖေနာမည်ပါအောင် ပေးချင်တယ်..။ ဒါပေမဲ့ သူ့အဖေနာ မည်က စတီဗင်ပါတဲ့အခါကျတော့ အဲဒိနာမည်လေးလည်း ထည့်ချင်တယ်..။

ထည့်မယ်ဆိုလည်း အရှေ့နဲ့ အနောက်နဲ့ လိုက်ဦးမှလေ..။ ဒါပေမယ့် မစဉ်းစားရသေးပါဘူး..။ အဓိက ကတော့ သူ့အဖေနာမည်ပါအောင် ပေးချင်တယ်..။

ကလေးက နေ့နံနဲ့ တိုက်ပြီး ပေးရမှာဆိုတော့ ပါချင်မှလည်း ပါမယ်ပေါ့နော်..” လို့ ပြောကြားထားပါတယ်..။

မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းဟာ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ရပ်လိုက်ပေမယ့်လည်း ပရိသတ်အားပေးမှုများကို ရရှိပိုင်ဆိုင်းထားတာ တွေ့ရပါတယ်..။

အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာလည်း ဝေဖန်တိုက်ခိုက်မှုတွေခံခဲ့ရတဲ့ မင်းသမီးချော သဉ္ဇာနွယ်ဝင်းကတော့ ဝေဖန်တိုက်ခိုက်မှုတွေကို အပြုံးမပျက် တုန့်ပြန်ခဲ့ပါတယ်..။

လတ်တလောမှာလည်း အနုပညာအလုပ်တွေ မပြုလုပ်တော့တဲ့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းဟာ အနုပညာလောကမှာ အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

Source - Popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။