အနုပညာလောကရဲ့ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်သလို ပရိသတ်အချစ်တော် မင်းသမီးလည်း ဖြစ်သူတွေထဲမှာ မင်းသမီး မိုးယုစံ တစ်ဦးလည်း ပါဝင်လို့နေပါတယ်။ ဗီဒီယိုဇာတ်ကားနဲ့ ရုပ်ရှင်ကားကြီးတွေမှာ သရုပ်ဆောင်ခဲ့တဲ့ သူမဟာ လက်ရှိအချိန်မှာတော့ သားဦးလေးတစ်ယောက် မွေးဖွားထားပြီး ပျော်ရွှင်သရာ မိသားစုကမ႓ာလေးကို ပိုင်ဆိုင်လို့ထားပါတယ်။ 

မျှော်လင့်ထားတဲ့အတိုင်း သားလေးမွေးဖွားခဲ့ပြီး ယခုဆိုရင်တော့ သားလေးက နှစ်လကျော်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ မိုးယုကတော့ သူမရဲ့သားလေးနဲ့ပတ်သတ်ပြီး လူမှုစာမျက်နှာကတဆင့် ပရိသတ်တွေကို ယခုလိုမေးခွန်းထုတ်လိုက်ပါတယ်။

"ဒယ်ဒီ ရယ် သားသားရယ် မာမီရယ် ၃ယောက်ပုံလေးပါ ဘယ်သူနဲ့ပိုတူလဲ?

မာမီ သားက ချောတာ ချစ်ဖို့ကောင်းလိုက်တာ မာမီ့အသည်းလေး" ဆိုပြီး မေးလို့ထားပါတယ်။ 

မိုးယုစံဟာ အိမ်ထောင်ကျပြီး နောက်ပိုင်း အနုပညာအလုပ်တွေ လုပ်ကိုင်လာတာ နည်းသွားပေးမယ့် ပရိသတ်တွေကတော့ သူမကို အရင်တိုင်းအားပေးလို့နေဆဲဖြစ်ပါတယ်။ "ကျွန်တော့်ရည်းစား ဘုရားမှာနေသည်" ဇာတ်ကားကြီးနဲ့ အကယ်ဒမီတစ်ကြိုစာရင်းထိပါဝင်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ချစ်ရတဲ့ ခင်ပွန်း ချစ်ရာသားလေးတို့နဲ့အတူ ကြည်နူးစရာမိသားစုဘဝလေးကို ပျော်ရွှင်စွာဖြစ်သန်းလို့နေပါတယ် ပရိသတ်ကြီးရေ....

Source: Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။