ပြည်သူချစ်အဆိုတော်အိမ့်ချစ်တစ်ယောက်ကတော့ နာမည်ကြီး FM တစ်ခုဖြစ်တဲ့ Wish 107.5 မှာ Interview ဖြေဆိုဖို့နဲ့ Live သီချင်းဖျော်ဖြေရမှာဖြစ်လို့ စိတ်တွေအကြီးအကျယ် လှုပ်ရှားနေခဲ့ပါတယ်။ သူမဟာဒီအခြေအနေတစ်ခုကို စိတ်လှုပ်ရှားနေတဲ့ကြာထဲကပဲ အကောင်းဆုံးထိန်းချုပ်ကျော်ဖြတ်နိုင် ပေမယ့် ရင်တွေကတော့ ခုန်နေဆဲပါလို့ဆိုပါတယ်။ သူမကို Interview နေတဲ့အချိန်မှာ ဘေးကကြည့်ရှုနေသူပရိတ်သတ်တွေကလည်း အများ အပြားရှိနေပါတယ်လို့ဆိုပါတယ်။ Wish 107.5 ရဲ့ You Tube Channel မှာ Live တက် မှာဆိုတော့ တကမ္ဘာလုံးက ပရိတ်သတ်တွေကြည့်နေကြမှာဖြစ်လို့ သူမက ပိုမိုရင်ခုန်ရ ပါတယ်လို့ဆိုပါတယ်။

သူမရဲ့မိခင်ဖြစ်သူနဲ့နှစ်ယောက်သား ဘုရားစာတွေရွတ်ရတာလည်းမနည်းပါဘူးတဲ့။ ဒီလိုရခဲ လှတဲ့ အခွင့်အရေးကြောင့် သူမကပျော်ရွှင်ဂုဏ်ယူပါတယ်လို့လည်းဆိုပါတယ်။ Interview ရာမှာ ဖြေကြား တာတွေက English Speaking နဲ့ဖြေကြားရတာဖြစ်ပြီး သီဆိုဖျော်ဖြေရာမှာ လည်း ကိုယ်တိုင်ရေးစပ် ထားတဲ့ English Song လေးနဲ့ Live သီဆိုပြရတာဖြစ်ပြီး ဘေးက လည်းလူတွေဝိုင်းနေတော့ အိမ့်ချစ် တစ်ယောက် ရင်ခုန်တာမဆန်းပါဘူး။ နောက်တစ်ပတ် You Tube မှာ သူမရဲ့ Interview Video တက်လာတဲ့အခါ ပရိတ်သတ်တွေလည်းကြည့်နိုင် ဖို့ Share ပေးပါ့မယ်လို့ဆိုပါတယ်။

သူမအနေနဲ့ ဒီလိုဖြေကြားဖျော်ဖြေတာဟာ မြန်မာမိန်းကလေးအဆိုတော်တစ်ယောက်ဟာ လည်း ဒီလိုလုပ်နိုင်တယ်ဆိုတဲ့အကြောင်းကို ကမ္ဘာကသိစေချင်ပါတယ်ဆိုတဲ့ရည်ရွယ်ချက် ကြောင့်ပါတဲ့။ ဂုဏ်ယူပါတယ်အိမ့်ချစ်ရေ။ သူမရေးစပ်ထားတဲ့ English Song လေးရဲ့နာမည် ကတော့ Crazy ဖြစ်ပါတယ်။ သူမက လက်ရှိမှာဖိလစ်ပိုင်နိုင်ငံကိုရောက်ရှိနေတာဖြစ်ပြီး ဖိလစ်ပိုင်မှာနာမည်ကြီး Wish 107.5 ဆိုတဲ့ FM အစီအစဉ်လေးမှာ Interview ဖြေကြားနေ တာပဲဖြစ်ပါတယ်။ ဒီ Wish 107.5 ဆိုတဲ့ FM ဟာ ဖိလစ်ပိုင်က နာမည်ကြီးအဆိုတော်တွေကို ဖိတ်ကြား Interview ပြီး Live သီဆိုခိုင်းတာဖြစ် လို့ အောင်မြင်တဲ့ FM တစ်ခုပဲဖြစ်ပါတယ်။ ဒီလိုအစီအစဉ်မှာ ပါဝင်သီဆိုဖျော်ဖြေခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်အိမ့်ချစ်ရေ။ ဒီ့ထက် အများကြီးပိုမိုအောင်မြင်တဲ့ အဆိုတော်တစ်ဦးဖြစ်ပါစေနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။