အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်အားပေးမှု အပြည့်အဝရရှိထားတဲ့ မင်းသမီးတွေထဲမှာ အိန္ဒြာကျော်ဇင်ဟာ မပါမဖြစ် မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ဒွေ လွင်မိုး တို့ခေတ်ကတည်းက အောင်မြင်ခဲ့တဲ့ သူမဟာ ယနေ့ ပြေတီဦး နေတိုးတို့ ခေတ်အထိ ပရိသတ်တွေကြားမှာ နေရာရထားဆဲ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ 

ဝတ်စားဆင်ယင်မှုပိုင်းမှာ ဖက်ရှင်ဘုရင်မဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတဲ့ သူမဟာ လက်ရှိမှာတော့ အိမ်ထောင်ရှင် ကလေးနှစ်ယောက် မိခင်ဖြစ်လို့နေပြီဖြစ်ပါတယ်။ သို့ပေမယ့်လည်း ယနေ့ချိန်ထိ လှနေဆဲ အူဝဲကတော့ လာမည့်အကယ်ဒမီအတွက် "ရင်ဘတ်ထဲက ဓား" ဇာတ်ကားနဲ့ အကယ်ဒမီ ရကိုမယ်ဆိုပြီး ဒါရိုက်တာဝိုင်းအပါအဝင် အနုပညာအသိုင်းအဝိုင်းမှ လူများ ပရိသတ်များက မှတ်ချက်ပေးထားကြပါတယ်။

နောက်ပိုင်းမှာ သားသမီးတွေအတွက် အချိန်ပိုပေးဖြစ်တာမို့ ကားရိုက်နည်းသွားတဲ့ အူဝဲရဲ့ ရုံတင်ရန် ကျန်ရှိနေတဲ့ ဇာတ်ကားကြီးတွေလည်း ရှိပါသေးတယ်။

"အူဝဲ" ချစ်ပရိသတ်တွေ မကြာမီ ကြည့်ခွင့်ရတော့မည့် ...

ရုံတင်ရန် ကျန်ရှိနေသော ရုပ်ရှင်ဇာတ်ကားကြီးများ

===========================================

(၁) အမျှအမျှ

(ခန့်စည်သူ၊ အိန္ဒြာကျော်ဇင်)

(၂) ရူးအောင်ချစ်မဲ့လူ

(နေတိုး၊ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်)

(၃) ဝုန်းပစ်လိုက်မယ်

(ကျော်ရဲအောင်၊ ကျော်ကျော်ဗို၊ ရဲလေး၊ စိုးမြတ်သူဇာ၊

အိန္ဒြာကျော်ဇင်၊ သင်ဇာဝင့်ကျော်)

(၄) ကျွန်မအချစ်ဆုံး ယောကျာ်းသုံးယောက်

(ရန်အောင်၊ ပြေတီဦး၊ မင်းဘုန်းမြတ်

အိန္ဒြာကျော်ဇင်၊ မို့မို့မြင့်အောင် )

(၅) ကြတ်ဂူ

(လူမင်း၊ မြင့်မြတ်၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်)

(၆) တစ်နေ့ရွှေ တစ်နေ့ငွေ

(မင်းမော်ကွန်း၊ အောင်ရဲလင်း၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု)

(၇) အချိုဆုံးအချစ် အပြင်းဆုံးအဆိပ်

(အောင်ရဲလင်း၊ အိန္ဒြာကျော်ဇင်၊ ခင်ဝင့်ဝါ)

(၈) လေဒီဒိန်းဂျား

(ခန့်စည်သူ၊ ခါရာ၊ အိန္ဒြာကျော်ဇင်)

(၉) Reflection

(ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ ဝတ်မှုန်ရွှေရည်၊ ပက်ထရစ်ရှာ)

(၁၀) The String

(ဖြိုးငွေစိုး၊ အိန္ဒြာကျော်ဇင်)

(၁၁) ကြီးလေးကြီး

(လူမင်း၊ ခန့်စည်သူ၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်)

(၁၂) အမုန်း၏ အတ္ထုပ္ပတ္တိ (မသေချာ)

(ဟိန်းဝေယံ၊ အိန္ဒြာကျော်ဇင်၊ မယ်လိုဒီ)

(၁၃) မြန်မာပေါကားများရပ်

(ဧည့်သည်သရုပ်ဆောင် အနေဖြင့် ပါဝင်ထားပါတယ်။ )" ဆိုပြီး သူမရဲ့ အမာခံ ပရိသတ်တစ်ဦးကဂတင်ပြထားပါတယ်။ 

Source: Nay Htut

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။