အနုပညာလမ်းကြောင်းပေါ်မှာဆယ်စုနှစ်မကလျောက်လှမ်းလာခဲ့တဲ့ဝါရင့်ဇာတ်ပို့သရုပ်ဆောင်ဂွမ်းပုံပဲဖြစ်ပါတယ်။ဟာသဆိုဟာသဒရမ်မာဆိုဒရမ်မာကျရာဇာတ်ရုပ်တိုင်းကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ဂွမ်းပုံဟာထူးချွန်တဲ့ဝါရင်ဇာတ်ပို့သရုပ်ဆောင်ကောင်းတစ်ယောက်ဆိုရင်လဲမမှားနိုင်ပါဘူး။ဒီတစ်ခါမှာတော့ဂွမ်းပုံဟာဝါရင့်စီနီယာသရုပ်ဆောင်တစ်ယောက်အနေနဲ့နောက်တက်ဂျူနီယာလေးတွေရဲ့ရိုသေစွာကန်တော့ခံနေတဲ့မြင်ကွင်းလေးကိုကြည်နူးဖွယ်မြင်တွေ့ရတာပဲဖြစ်ပါတယ်။ဂျူနီယာကလေးတွေရဲ့ရိုသေစွာကန်တော့တာကိုခံယူနေတဲ့ဂွမ်းပုံတစ်ယောက်အရမ်းကိုကြည်နူးပီတီဖြစ်နေပုံရပါတယ်။ 

လက်ရှိအနုပညာလမ်းကြောင်းပေါ်မှာအောင်မြင်မှုအသီးသီးရရှိပိုင်ဆိုင်နေကြပြီဖြစ်တဲ့ဂျူနီယာဇာတ်ပို့သရုပ်ဆောင်များဖြစ်ကြတဲ့ ကိုဘင်း၊ နှိုင်းယှဉ်မြင့်မိုရ်၊ ပိုးဂျူလိုင်ထွဋ် နှင့်ဇာခြည်လွင်တို့ကကန်တော့ခဲ့ကြတာပဲဖြစ်ပါတယ်။အားလုံးဆုံဖြစ်ခဲ့ကြတဲ့ရှုတင်လေးမှာပဲသူတို့ရဲ့ချစ်ရတဲ့စီနီယာအန်တီဂွမ်းကိုကန်တော့ခဲ့ကြတာပဲဖြစ်ပါတယ်။ချစ်ရတဲ့အန်တီဂွမ်းအပေါ်ကံယာကံ,ဝစီကံ,မနောကံတို့နဲ့ပြစ်မှားကျူးလွန်မိသည်ရှိသော်ခွင့်လွှတ်ပေးပါဆိုပြီးကန်တော့ကြတဲ့မြင်ကွင်းလေးဟာတကယ်ကိုကြည်နူးစရာအတိဖြစ်လို့နေပါတယ်ပရိသတ်ကြီးရေ။ 

တက္ကသိုလ်ဂွမ်းပုံဟာလဲစီနီယာတစ်ယောက်ပီပီနောက်တက်သရုပ်ဆောင်ကလေးတွေကိုသွန်သင်ဆုံးမစရာရှိတာလေးတွေဆုံးမသင်ကြားပေးနေတဲ့သရုပ်ဆောင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။ဂျူနီယာကလေးတွေရဲ့ရိုသေလေးစားစွာကန်တော့ကြတဲ့အပေါ်ဝမ်းသာပီတီမဆုံးဖြစ်ခဲ့ရပြီးအပြစ်တွေကျူးလွန်မိခဲ့ကြရင်လဲအားလုံးကိုခွင့်လွတ်ပါတယ်လို့ဆိုပါတယ်။ခွင့်လွတ်တဲ့အပြင်မုန့်ဖိုးတွေလဲပေးလို့အရမ်းကိုပျော်စရာကောင်းခဲ့တဲ့နေ့လေးတစ်နေ့ပါပဲဆိုပြီးကန်တော့ခဲ့ကြတဲ့ကလေးတွေထဲကတစ်ယောက်ဖြစ်တဲ့နှိုင်းယှဉ်မြင့်မိုရ်ဟာလဲသူမရဲ့လူမှုကွန်ယက်မှာရေးသားမျှဝေခဲ့တာပဲဖြစ်ပါတယ်။ဂွမ်းပုံနဲ့သူရဲ့ချစ်ရတဲ့ဂျူနီယာကလေးတွေရဲ့ကြည်နူးစရာကောင်းတဲ့ကန်တော့ခံပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - တက္ကသိုလ်ဂွမ်းပုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။