ပြည်သူချစ်နိုင်ငံကျော်မင်းသမီး မိုးဟေကိုတစ်ယောက်ကတော့ လတ်တလောမှာ ရွှေနန်း တော် စိန်ရွှေရတနာဆိုင် ကြော်ငြာကိုရိုက်ကူးပေးနေတာပဲဖြစ်ပါတယ်။ သူမကိုအလှအပ ခြယ်မှုန်းပေး သူကတော့ Make Up မေဦးဖြစ်ပြီး သူမရဲ့အဖြူရောင်ဝတ်စုံလေးနဲ့ အရမ်းကို တင့်တင့်တယ်တယ် လှပနေတာပဲဖြစ်ပါတယ်။ သူမရဲ့ရုပ်ရှင်ထုတ်လုပ်ရေးဟာဆိုရင်လည်း အောင်အောင်မြင်မြင်နဲ့ လည်ပတ်နေတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက သူမမိခင်ရဲ့ ကျန်းမာရေးအခြေအနေ ကြောင့် လုပ်ငန်းတွေမလုပ် နိုင်ပဲမိခင်ကိုဂရုစိုက်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့သူမရဲ့မိခင်ဟာ ပြန်လည်ကျန်းမာ လာပြီဖြစ် သောကြောင့် အနုပညာလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူမဟာ အနုပညာလမ်းကြောင်းပေါ်မှာ အချိန်ကြာကြာအောင်မြင်မှုကို ထိန်း သိမ်းထားနိုင်တဲ့ အနုပညာရှင် တွေထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး သူမကိုချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေလည်း အများအပြား ရှိနေပါတယ်။

သူမရဲ့အလှကို Make Up မေဦးနဲ့ ရွှေနန်းတော်ရဲ့ ရတနာတို့ပေါင်းစပ်လိုက်တဲ့အခါ သူမတူ တဲ့ အလှတွေပေါ်လွင်လာပါတော့တယ်။ အဖြူရောင်ဝတ်စုံလေးနဲ့ သူမက ကျော့ကျော့ရှင်း ရှင်းလေးကို လှပနေပါတယ်။ သူမရဲ့မိခင်ကို လုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေး တစ် ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့အလှဓာတ်ပုံတွေကို မေဦးကမျှဝေပေးထားတာဖြစ်ပြီး ပရိတ်သတ်ကြီး မြင်တွေ့နိုင်ဖို့အတွက် လည်း Admin က ပြန်လည်မျှဝေပေးလိုက်တယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။