မော်ဒယ်သရုပ်ဆောင်ပိုင်ဖြိုးသုဟာဆိုရင် ဂန့်ဂေါမှာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးနေတာဖြစ်ပြီး သူမရဲ့ဇာတ်ဝင်ခန်းက အင်္ကျီလေးတွေနဲ့ အလှဓာတ်ပုံရိုက်ကူးထားတာ ဖြစ်ပါတယ်။ တကယ့်ရှေးခေတ် မြန်မာမလေးတစ်ယောက်ကို မြင်လိုက်ရသလို ကျက်သရေရှိရှိလှပ နေတာဖြစ်ပြီး ပုသိမ်ထီးလေး ဆောင်းထားတဲ့ သူမက တကယ့်ကိုနန်းဆန်လွန်းနေတာပါ။ အခုမှတကယ့်ကို ဂျင်းကောင်ရဲ့ နန်းဆန် သူလေးဖြစ်သွားတော့တယ်။ ပန်းရောင်စပန့်သား အင်္ကျီလေးနဲ့ ချည်လုံချည်လေးကို တွဲဖက်ဝတ်ဆင်ထားပြီး ချစ်စရာကောင်းတဲ့အပြုံးလေး တွေနဲ့ အလှဓာတ်ပုံရိုက်ကူးထားတာဖြစ်ပါတယ်။

သူမဟာ ပရိတ်သတ်အခိုင်အမာရရှိထားတဲ့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ် ပါတယ်။ သူမကိုရုပ်ရည်ပိုင်းဆိုင်ရာနဲ့ပက်သက်ပြီး တစ်ချို့ပရိတ်သတ်တွေက ယနေ့ထက်ထိ ကို ဝေဖန်မှုတွေရှိကြတာကြောင့် စိတ်ဓာတ်ကျတယ်လို့သူမကဆိုပါတယ်။ သူမရဲ့ပရိတ် သတ်တွေကတော့ သူမကိုအမြဲတမ်းအားပေးနေမှာပါဆိုပြီး နှစ်သိမ့်ခဲ့ကြပါတယ်။ အမှန် တကယ် သူမမှာချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီး တစ်လက် ဖြစ်ပါတယ်။ သူမဟာအရည်အချင်းရှိတဲ့ မင်းသမီးတစ်လက်ဖြစ်သလို ပရိတ်သတ်ရဲ့ အချစ် တော်လေးလည်းဖြစ်ပါတယ်။

သူမရဲ့ဇာတ်ဝင်ခန်းမှာဝတ်စားဆင်ယင်တဲ့ အင်္ကျ ီလေးတွေနဲ့ အလှဓာတ်ပုံလေးရိုက်ကူး ပြီး ပုသိမ်ထီးလေးဆောင်းထားတော့ မြန်မာ့ဓလေ့မြန်မာ့ဟန်ကို ထင်ဟပ်စေပြီးကြည့်လိုက် တိုင်း ကြည်နူးနေစေမယ့် ချစ်စရာကောင်းတဲ့ မြန်မာမလေးရဲ့ ပုံရိပ်ကိုဖော်ညွှန်းထားသလို ပါပဲ။ ဂျင်းကောင်ရဲ့ နောက်ဆုံးပိတ်နန်းဆန်သွားသူလေး ပိုင်ဖြိုးသုတစ်ယောက် အနုပညာ လောကမှာ ဒီထက်မကအောင်မြင်ပြီး အကယ်ဒမီဆုကြီး ရရှိပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်း ပေးလိုက်တယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။