တရုတ်ပြည်မှ XiamenAir လေကြောင်းလိုင်းမှ လေယာဉ်မယ်တစ်ယောက်ဟာ လေယာဉ် အနောက်ပေါက် ၁၀ ပေ အမြင့်ကနေ ပြုတ်ကျခဲ့တာကို CCTV ကင်မရာမှ တစ်ဆင့် အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ လေယာဉ် အနောက်ပေါက်ကနေ လေယာဉ်ကွင်း ကတ္တရာလမ်းပေါ်ကို ပြုတ်ကျခဲ့တာပါ။ သူမ ဟာ XiamenAir လေကြောင်းလိုင်း ရဲ့ ဘိုးရင်း ရ၃၇ လေယာဉ်ကို ကုန်စည်ပြန်လည် ဖြည့်တင်းဖို့ ဆောင်ရွက်နေချိန် မတော်တဆ ခြေချော်လဲကာ ပြုတ်ကျခဲ့တာပါ။

ယင်း လေယာဉ်မယ် ပြုတ်ကျတာကို လေဆိပ်ရဲ့ CCTV ကင်မရာမှ တစ်ဆင့် အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ Zhengzhou အရပ် Xinzheng နိုင်ငံတကာလေယာဉ်ကွင်းမှာ ဖြစ်ပွားခဲ့တာပါ။ Zhengzhou ဟာ တရုတ်ပြည် အလယ်ပိုင်း Henan နယ်ပယ် ရဲ့ မြို့တော်လည်းဖြစ်ပါတယ်။ သူမ ဟာ မတော်တဆ ပြုတ်ကျ တဲ့ အချိန်မှာ လေယာဉ် ရဲ့ တံခါးပေါက် ကြမ်းပြင် ကိုင်ထားခဲ့ပါသေးတယ်။ ဒါပေမယ့် ကြာကြာမကိုင်နိုင်တော့ဘဲ ပြုတ်ကျသွားခဲ့တာပါ။

လေယာဉ်မယ် ဟာပြင်းထန်တဲ့ ဝေဒနာကိုခံစားခဲ့ရပါတယ်။ သူမရဲ့ နံရိုးလည်းအက်ကွဲသွားခဲ့ပါတယ်။ လေဆိပ်တာဝန်ရှိသူတွေ ကတော့ သူမ ရဲ့ နံရိုး အက်ကွဲမှု ကို ကုသဖို့ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ သူမ အနေနဲ့ ပြန်လည်ကောင်းမွန် ချိန်အထိ အနားယူ ရမှာပါ။ လေဆိပ်တာဝန်ရှိသူတွေ ကတော့ အဆိုပါ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။