နာမည်လေးနဲ့လိုက်အောင် တွေ့လိုက်တိုင်း ပြုံးပျော်သွက်လက်နေတဲ့ သရုပ်ဆောင်စမိုင်းလ် ကတော့ Gym တွေနေ့ညမပျက် ကြိုးစားနေပါတယ်။

တစ်ချိန်က နာမည်ကြီးမော်ဒယ်တစ်ဦးဖြစ်သလို သရုပ်ဆောင် တစ်ယောက်ဖြစ်ခဲ့တဲ့ စမိုင်းလ်ဟာ အနုပညာလောကထဲကို တစ်ကျော့ပြန်ဝင်ရောက်လာတာပါ။

ခင်ပွန်းဖြစ်သူနဲ့အတူ စီးပွားရေးအတူတူလုပ်နေတဲ့ စမိုင်းလ်ဟာ ဆယ်ကျော်သက်သမီးလေးနှစ်ယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပါ။

အနုပညာလောကနဲ့ အချိန်အကြာကြီး မျက်ခြေပြတ်သွားတဲ့ စမိုင်းလ်တစ်ယောက် လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ပြန်လည်ရိုက်ကူးနေရသလို ၀၀ပြည့်ပြည့်ခန္ဓာကိုယ်လေးကို ၀ိတ်ပြန်ချနေပါတယ်။

ခင်ပွန်းနဲ့အတူ Gym ဆော့နေပုံတွေကို စမိုင်းလ်က သူ့ရဲ့ ဖေ့ဘုတ်စ်အကောင့်ကနေ မျှဝေထားပါသေးတယ်။

ကျစ်လျစ်သွယ်လှတဲ့ Body လေးပြန်ရဖို့ ကြိုးစားထရိန်းနေတဲ့ စမိုင်းလ်ရဲ့ Gym ကစားပုံတွေကို ပရိသတ်ကြီးအတွက် မျှဝေလိုက်ပါတယ်။ 

Source : Smile Maung fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။