ယမန်နေ့ညကတော့ နိုင်ငံတကာ အသင်းတွေ အကြား ခြေစမ်းပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ြ့ပီးသားအသင်းတွေအနေဖြင့် ယှဉ်ကစားခဲ့ကြတာပါ။ ကမ္ဘာ့ဖလား အိမ်ရှင် ရှရှားက စပိန်နှင့်ကစားခဲ့ပါတယ်။ ပွဲရလဒ်ကတော့ ရုရှား 3 - 3 စပိန် ဖြစ်ပါတယ်။ ရှရှားအတွက် ဂိုးများကို စမိုလော့ဗ် 41' 70' မီရန်ချွတ်ခ် 51' သွင်းခဲ့ပါတယ်။ စပိန်အတွက်ကိုတော့ အယ်လ်ဘာ 9' ရာမို့စ် 35' 54' (p) သွင်းခဲ့တာပါ။ 

အင်္ဂလန်ကတော့ အသင်းကြီး ဘရာဇီးနှင့် ကစားခဲ့ပါတယ်။ နှစ်ဘက်စလုံးကတော့ ဂိုးသွင်းယူနိုင်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါ့ကြောင့် ဂိုးမရှိသရေ ကျခဲ့ပါတယ်။ အခြား အသင်းကြီး ဘယ်လ်ဂျီယံ ကတော့ 1 - 0 ရလဒ်ဖြင့် ဂျပန်ကိုနိုင်ခဲ့ပါတယ်။ ဘယ်ဂျီယံ အတွက် လူကာကူ က သွင်းခဲ့တာပါ။ 

အသင်းကြီး ၂သင်းဖြစ်တဲ့ ဂျာမနီနှင့် ပြင်သစ်တို့လည်း ကစားခဲ့ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေနှင့် ပွဲက ကြည့်ကောင်းခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဂျာမနီ 2 - 2 ပြင်သစ် ရလဒ်ထွက်ခဲ့ပါတယ်။ တီမိုဝါနာနှင့် စတင်ဒယ်က ဂျာမနီအတွက် သွင်းခဲ့ပြီး ပြင်သစ်အတွက် လာကာဇတ်တီက ၂ဂိုးသွင်းခဲ့ပါတယ်။

Source – Sky Sports 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။