Emirates လေကြောင်းလိုင်း ဟာ သူ့ရဲ့ Boeing 777 လေယာဉ်တွေ အတွက် cabin အသစ်တွေကို ထုတ်ဖော်ပြသလိုက်ပါပြီ။ တကယ့်ကို ဆန်းပြားကောင်းမွန်လှတဲ့ cabin တွေပါပဲ။ ဒီ cabin တွေကို ခရီးသည်တွေ မြင်ရတဲ့ အခါမှာတော့ အရမ်းကို အံ့အားသင့်ခဲ့ရပါတယ်။ အဲ့ဒီ့ cabin အခန်းအသစ်တွေဟာ ခရီးသည်တွေ အတွက် ကိုယ်ပိုင် privacy ရှိစေမှာပါ။

Cabin အခန်းတိုင်းမှာ တံခါးများပါ၀င်ပြီး အလုံပိတ်အခန်းများဖြစ်ပါတယ်။ လေယာဉ် အမှုထမ်းတွေကို ခေါ်ဆိုလိုပါက အခန်းအပြင်ထွက်ပြီး ခေါ်စရာလိုမှာ မဟုတ်ပါဘူး။ အခန်းတွင်းက နေ ဗီဒီယို ခေါ်ဆိုမှု ပြုလုပ်ပြီး လေယာဉ်အမှုထမ်းတွေကို ခေါ်ဆိုနိုင်မှာပါ။ ခုံတွေကလည်း လေယာဉ်ခရီးစဉ်တွေမှာ ခရီးသည်တွေ ခံစားရလေ့ရှိတဲ့ ဇာတ်ကြောတက်တာတွေ၊ ညောင်းကိုက်တာတွေ မဖြစ်အောင် ပြုလုပ်ထားပါတယ်။ ဒါ့ကြောင့် ခရီးသည်တွေ အနေနဲ့ သက်တောင့်သက်သာ စီးနင်းနိုင်မှာပါ။

ခုံကို အိပ်ရာအဖြစ်တောင် ပြောင်းလဲနိုင်ပါတယ်။ အခန်းတွင်းမှာ လည်း အဝတ်အစားလဲဖို့ လုံလောက်တဲ့ နေရာပါရှိပါတယ်။ ခုံတွေကို နာဆာ ရဲ့ နည်းပညာတွေကို အတုယူ လေ့လာပြီး လေထဲမှာ သက်တောင့်သက်သာ ရှိအောင် အလေးချိန်ပေါ့အောင်တည်ဆောက်ထားပါတယ်။ ဒါ့အပြင် ရုပ်သံလိုင်းပေါင်း ၂၅၀၀ ကျော်ကိုဖမ်းယူကြည့်ရှုနိုင်မယ့် ၃၂ လက်မ HD LCD တီဗွီလည်း ပါရှိပါသေးတယ်။ Emirates လေကြောင်းလိုင်း ရဲ့ ၀န်ဆောင်မှု အသစ်တွေကတော့ အံ့မခန်းပါဘဲ။

Source: The Mirrror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။