ထိုင်းလိဂ်ရောက်ဖို့ကျိန်းသေလုနီးပါးအောင်သူ

မြန်မာအသင်းရဲ့စူပါစတားအောင်သူကိုထိုင်းပရီးမီး

ယားလိဂ်ကလပ်တွေစောင့်ကြည့်နေတာကြာပါပြီ။

ဖနွမ်းပင်မှာကျင်းပခဲ့တဲ့ကမ္ဘောဒီးယားနဲ့မြန်မာအသင်းတို့

ရဲ့ပွဲမှာထိုင်းကလပ်တွေဟာဘောလုံးကင်းထောက်တွေလွတ်

ပြီးအောင်သူ့ကိုစနည်းနာခဲ့ကြတယ်လို့လည်းသိရပါတယ်။

နောက်နှစ်ဘောလုံးရာသီမှာထိုင်းပရီးမီးယားလိဂ်

ကလပ်တွေဟာအာဆီယံကိုတာဆိုတဲ့စည်းမျဉ်းကို

ကျင့်သုံးတော့မှာပါ။

အာဆီယံကိုတာဆိုတာနိုင်ငံခြားသားကစားသမား

ခေါ်ယူခွင့်ပေးပြီးနိုင်ငံခြားသားကစားသမားသုံးယောက်၊

အာရှကစားသမားတစ်ယောက်၊အာဆီယံကစားသမား

တစ်ယောက်ခေါ်ယူခွင့်ရှိပါမယ်။ဒါပေမယ့်ကွင်းထဲမှာတော့

နိုင်ငံခြားသားသုံးယောက်နဲ့အာဆီယံကစားသမားတစ်ယောက်သို့မဟုတ်အာရှကစားသမားတစ်ယောက်ဝင်ရောက်ကစား

ခွင့်ရှိပါတယ်။အဲ့တာကို3+1စည်မျဉ်းလို့လို့ခေါ်ပါတယ်။

3+1ကြောင့်ထိုင်းအသင်းတွေတော်တော်များများဟာ

အာဆီယံပလေယာတွေကိုနောက်နှစ်ဘောလုံး

ရာသီမှာခေါ်ယူဖို့စိုင်းပြင်းနေကြပါတယ်။

မနေ့ညကထိုင်းပရီးမီးယားလိဂ်ကလပ်BEC တယ်ရိုဆာဆနာ

အသင်းရဲ့ဒါရိုက်တာတစ်ဦးကသူ့ရဲ့လူမှုကွန်ယက်

ပေါ်မှာအောင်သူရဲ့ပုံတင်ခဲ့ပါတယ်။မရှေးမနှောင်းမှာပဲ

Breaking Newsဆိုပြီး442ထိုင်းဘောလုံးမဂ္ဂဇင်းကနေ

သတင်းတစ်ခုထပ်တက်လာပါတယ်။အဆိုပါတယ်ရိုဆာဆနာ

အသင်းဒါရိုက်တာဟာလာမယ့်အပတ်ထဲမှာမြန်မာနိုင်ငံ

ကိုလာရောက်ပြီးအောင်သူရဲ့စာချုပ်ကိစ္စဆွေးနွေးသွား

မှာပါဆိုပြီးဖော်ပြခဲ့ပါတယ်။442ရဲ့ဖော်ပြချက်အရ

အောင်သူရဲ့အပြောင်းအရွှေ ့ဟာ95ရာခိုင်နှုန်းလောက်

သေချာနေပြီလို့ဆိုပါတယ်။တယ်ရိုဆာဆနာဟာထိုင်းလိဂ်အင်အားကြီးတစ်သင်း

ဖြစ်ပြီးချန်ပီယံနှစ်ကြိမ်ဖြစ်ထားတဲ့အသင်းပါ။အာရှချန်ပီယံလိဂ်မှာလည်းRunner Upရတဲ့အထိစွမ်း

ဆောင်နိုင်ခဲ့တဲ့အသင်းပါ။အောင်သူနဲ့ဆီးဂိမ်းမှာရင်ဆိုင်ခဲ့ရတဲ့

ထိုင်းတိုက်စစ်မှူးချန်းရော့ဟာလည်းတယ်ရိုဆာဆနာမှာကစားနေပါတယ်။အောင်သူ နဲ့ချန်းရော့တိုက်စစ်အတွဲကို

ကြည့်ချင်လွန်းလို့ကျွန်တော်တော့ရင်ခုန်နေပါပြီ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။