၂၀၁၇ခုနှစ်အတွက်MTVEMAဆုပေးပွဲကိုလန်ဒန်မြို့SSEArenaမှာကျင်းပခဲ့တာဖြစ်ပါတယ်။အဆိုပါဆုပေးပွဲတွင်RitaOraကအစီအစဉ်မှုးအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။နာမည်ကျော်တေးသံရှင်များဖြစ်သည့်DemiLovato, LanaDelReyနှင့်အခြားသောနာမည်ကျော်တေးသံရှင်များကအကောင်းမွန်ဆုံးသောဖျော်ဖြေတင်ဆက်မှုများနဲ့ဖျော်ဖြေတင်ဆက်သွားခဲ့ကြပါတယ်။

၂၀၁၇ခုနှစ်အတွက်MTVEMAဆုပေးပွဲမှာဆုရရှိသူများဟာထွက်ပေါ်လာခဲ့ပါပြီ။၂၀၁၇ခုနှစ်မှာတော့ဆုတွေအများဆုံးသိမ်းပိုက်သွားသူကတော့ Shawn Mendes ဘဲဖြစ်ပါတယ်။Shawn Mendes ဟာဆိုရင် စံကာတင်ဆုစာရင်းတွင် ဆု ငါးမျိုးအထိပါ၀င်ခဲ့ပြီး Best Artistဆု ၊ Best Song ဆုနှင့် Biggest Fans ဆု သုံးဆုကိုသိမ်းပိုက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။နာမည်ကျော်အဆိုတော် တေလာဆွစ် ဟာဆိုရင် စံကာတင်စာရင်းမှာ ဆုခြောက်ခုအထိ ပါ၀င်ခဲ့ပါတယ်။

ဆုရရှိခဲ့ကြသူများမှာအောက်ပါအတိုင်းဖြစ်ပါတယ်။ BEST SONGဆုကို Shawn Mendes က There’s Nothing Holdin’ Me Back သီချင်းဖြင့်လည်းကောင်း၊ BEST ARTIST ဆုကို Shawn Mendes ကလည်းကောင်း ၊ BEST NEW ဆုကို Dua Lipa ကလည်းကောင်း၊ BEST POP ဆုကို Camila Cabello ကလည်းကောင်း ၊ BEST VIDEOဆုကို Kendrick Lamar – HUMBLE ကလည်းကောင်း ၊ BEST LIVE ဆုကို Ed Sheeran ကလည်းကောင်း၊ BEST ELECTRONIC ဆုကို David Guetta ကလည်းကောင်း ၊ BEST ROCK ဆုကို Coldplay ကလည်းကောင်း ၊ BEST HIP HOP ဆုကို Eminem ကလည်းကောင်း၊ BEST ALTERNATIVE ဆုကို Thirty Seconds To Mars ကလည်းကောင်း၊ BIGGEST FANS ဆုကိုShawn Mendes ကလည်းကောင်း ၊ BEST PUSH ဆုကို Hailee Steinfeld ကလည်းကောင်း၊ BEST WORLD STAGE ဆုကို The Chainsmokers – Live from Isle of MTV Malta 2017 ဖြင့်လည်းကောင်း၊ BEST LOOK ဆုကို Zayn Malik ကလည်းကောင်း ၊ GLOBAL ICON ဆုကို U2 ကလည်းကောင်း၊ BEST UK & IRELAND ACT ဆုကို Louis Tomlinson ကလည်းကောင်း၊ BEST CANADIAN ACT ဆုကို Shawn Mendesကလည်းကောင်း ၊ BEST US ACT ဆုကို Fifth Harmony ကလည်းကောင်းအသီးသီးရရှိခဲ့ကြပါတယ်။

Source - Eonline 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။