ယမန်နေ့ညကတော့ နိုင်ငံတကာ အသင်းတွေ အကြား ခြေစမ်းပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ြ့ပီးသားအသင်းတွေအနေဖြင့် ယှဉ်ကစားခဲ့ကြတာပါ။ အသင်းကြီး ၂သင်းဖြစ်တဲ့ ဂျာမနီနှင့် ပြင်သစ်တို့လည်း ကစားခဲ့ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေနှင့် ပွဲက ကြည့်ကောင်းခဲ့ပါတယ်။ 

ပွဲအပြီးမှာတော့ ဂျာမနီ 2 - 2 ပြင်သစ် ရလဒ်ထွက်ခဲ့ပါတယ်။ တီမိုဝါနာနှင့် စတင်ဒယ်က ဂျာမနီအတွက် သွင်းခဲ့ပြီး ပြင်သစ်အတွက် လာကာဇတ်တီက ၂ဂိုးသွင်းခဲ့ပါတယ်။ ပွဲအပြီးမှာ ပြင်သစ်နဲ့ပွဲမှာသရေရရှိအောင်နောက်ဆုံးအချိန်ထိတိုက်ပွဲဝင်ကစားခဲ့ကြတဲ့အသင်းသားတွေရဲ့စိတ်ဓာတ်ကိုပိုမိုသဘောကျတယ်လို့ဂျာမနီနည်းပြဂျိုအာချင်လိုးကပြောလိုက်ပါတယ်။ ဂျိုအာချင်လိုးက "အင်္ဂလန် ပြင်သစ်တို့နဲ့ပွဲမှာအသင်းရဲ့ကစားပုံနဲ့ပက်သက်ပြီးကျွန်တော်ကျေနပ်မိပါတယ်။ အမြင့်ဆုံးအဆင့်မှာကစားနေတဲ့အားကောင်းတဲ့ပြိုင်လက်နှစ်သင်းနဲ့ရင်ဆိုင်ရာမှာရလဒ်တွေရခဲ့ပါတယ်။”လို့ပြောပါတယ်။ 

ဒါ့အပြင်ဂျိုအာချင်လိုးက”ဒီနေ့ကျွန်တော်တို့ပထမပိုင်းမှာထင်ထားသလောက်မကစားနိုင်ခဲ့ပေမယ့်ဒုတိယပိုင်းမှာတော့ကစားပုံကောင်းခဲ့ပါတယ်။ ကျွန်တော်တို့နောက်ကနေလိုက်ကစားခဲ့ရပေမယ့်တုန်လှုပ်မှုမရှိတဲ့အပြင် သရေရအောင်နောက်ဆုံးအချိန်ထိတိုက်ပွဲဝင်ခဲ့တဲ့စိတ်ဓာတ်ဟာအရေးကြီးပါတယ်။ မှန်ကန်တဲ့အချိန်မှာမှန်ကန်တဲ့ဘောလုံးကစားပုံဟာဘောလုံးမှာကြီးကြယ်လှတဲ့အနုပညာပါပဲ။ ကျွန်တော်တို့ဒါကိုဒီနေ့မှာအကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။" လို့ပြောခဲ့ပါတယ်။

Source – Daily mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။