ယမန်နေ့ညကတော့ နိုင်ငံတကာ အသင်းတွေ အကြား ခြေစမ်းပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ြ့ပီးသားအသင်းတွေအနေဖြင့် ယှဉ်ကစားခဲ့ကြတာပါ။ အသင်းကြီး ၂သင်းဖြစ်တဲ့ ဂျာမနီနှင့် ပြင်သစ်တို့လည်း ကစားခဲ့ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေနှင့် ပွဲက ကြည့်ကောင်းခဲ့ပါတယ်။ 

ပွဲအပြီးမှာတော့ ဂျာမနီ 2 - 2 ပြင်သစ် ရလဒ်ထွက်ခဲ့ပါတယ်။ တီမိုဝါနာနှင့် စတင်ဒယ်က ဂျာမနီအတွက် သွင်းခဲ့ပြီး ပြင်သစ်အတွက် လာကာဇတ်တီက ၂ဂိုးသွင်းခဲ့ပါတယ်။ ပွဲအပြီးမှာ ပြင်သစ်နည်းပြ ဒေးချမ့်က "ကျွန်တော်တို့ဂျာမနီကိုတတိယဂိုးသွင်းယူကာအနိုင်ရဖို့နီးစပ်ခဲ့ပေမယ့်သရေကျခဲ့တာကြောင့်ဒါဟာစိတ်ပျက်စရာပါပဲ။ အမှားအယွင်းတစ်ခုကြောင့်ပါပဲ။ ဒါပေမယ့်ကစားသမားတွေအတွက်ကျွန်တော်ဂုဏ်ယူမိပါတယ်။”လို့ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ဒေးချမ်မ်က “ကျွန်တော်တို့ဂျာမနီလိုအသင်းကောင်းတစ်သင်းနဲ့ပွဲမှာပုံစံကောင်းပြသနိုင်ခဲ့ပြီးသူတို့ကတော့ပွဲကိုပိုမိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့သူတို့ကိုခက်ခဲမှုတွေရှိစေခဲ့ပါတယ်။ လျှင်မြန်မှုနှုန်းကိုအသုံးပြုပြီးကျွန်တော်တို့ အခွင့်အရေးကောင်း၆ကြိမ် ရကြိမ်လောက်ဖန်တီးနိုင်ခဲ့ကာတိကျတဲ့ဖန်တီးမှုလုပ်နိုင်ဖို့တော့လိုပါသေးတယ်။ ဒါပေမယ့်ဂျာမနီလည်းကျွန်တော်တို့နဲ့သိပ်မကွာပါဘူး။ အသင်းလိုက်စုစည်းမှုရရှိတဲ့ကစားပုံကတော့ဒီညမှာကောင်းမွန်ခဲ့ပါတယ်။ မတူညီတဲ့ကစားသမား ခြားနားတဲ့စနစ်ကိုသုံးခဲ့ပေမယ့်အရည်အသွေးကတော့အများကြီးပါပဲ။" လို့ပြောသွားပါတယ်။

Source – Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။