လူရယ်လို့ ဖြစ်လာရင် စားဝတ်နေရေး အတွက် ရုန်းကန် ကြရတာချည်းပါပဲ။ အချို့ ကလည်း ကိုယ်ကြိုက်နှစ်သက်တဲ့ အလုပ်လုပ်ကိုင်နေရသလို အချို့ ကလည်း ဝင်ငွေ အတွက် ကိုယ်ဝါသနာ လည်းမပါ မကြိုက်တဲ့ အလုပ်တွေကို လုပ်ကိုင်ကြရပါတယ်။

အဲ့ထဲကမှ စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ လူ တွေ မလုပ်ချင်ဆုံး အလုပ် (၃) ခုကို ပရိတ်သတ်ကြီး အတွက် ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

၁။ သူများရဲ့ ချိုင်းကို နမ်းရတာ

လူတိုင်းဟာ ကိုယ်ချိုင်းချွေးနံ့ နံတာတောင် မခံနိုင်ကြပါဘူး။ ကားပေါ်မှာ ပဲ ရထားပေါ်မှာ ပဲ ဖြစ်ဖြစ် သူတပါးရဲ့ ချိုင်းချွေးနံ့ ဆိုရင်ဝေလာဝေးပေါ့။ ချိုင်းချွေးနံ့Deodrant ဆိုတဲ့ ကုမ္မဏီ တခုဟာ သူ့ ကုမ္မဏီ ထုတ် ချိုင်းချွေးနံ ပျောက်ဆေး အရည် ရဲ့အသွေးပိုင်းဆိုင်ရာ ထိန်းသိမ်း ဖို့ အတွက် ဝန်ထမ်းတွေ သီးသန့်ခန့်ထားပါတယ်။ အဲ့ ဝန်ထမ်းတွေဟာ ချွေးနံ့ ပျောက်ဆေးရဲ့ ကွာလတီကို သိဖို့ ချိုင်းကို နမ်းရတာ ဖြစ်ပါတယ်။

၂။ အန္တရာယ်ရှိတဲ့ တိရစ္ဆာန်တွေကို သားဖောက်ပေးရတာ

နွားထီးတွေ၊ မြင်းထီးတွေ ဟာ သူ တို့ လိင်စိတ် ကြွလာပြီး ဆန့်ကျင်ဘက် အမတွေနဲ့ ဆက်ဆံတဲ့ အခါ အမတွေက ပေါင်ကျိုးခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်း အစရှိတဲ့ ပြဿနာတွေရှိပါတယ်။ အဲ့ဒီ့ ပြဿနာကို ဘယ်လို ဖြေရှင်းရမလဲ လို့ ကြံဆတဲ့အခါ မှာ လူက နွားအမရဲ့ အဂါၤတုကို ကိုင်တွယ်ပြီး နွားထီးတွေ၊ မြင်းထီးတွေရဲ့ စိတ်ကို ထကြွအောင်လုပ်ပြီး သုတ်ရည်ကို ယူနိုင်မယ့် နည်းလမ်းကို ရှာတွေ့ခဲ့ပါတယ်။ အဲ့ တိရစ္ဆာန်တွေဟာ သာမန်ဆိုရင် ပျော့ပြောင်း တက်ကြပေမယ့် စိတ်ကြွနေတဲ့ အချိန် အပြု အမူဟာ အလွန် ကြမ်းတမ်းတဲ့ အတွက် အဆိုပါ အလုပ်ကို ပြုလုပ်ပေးရတဲ့ ဝန်ထမ်းတွေ အတွက်တော့ မတွေး ဝံစရာပါပဲ။ 

၃။ ရိုလာကိုစတာ အစမ်းစီးရခြင်း

မိုးပျံရထား (roller coaster) တစ်ခုကို မဖွင့်လှစ်ခင်မှာ စမ်းသပ်စီးနင်းပေးရတာ ဖြစ် ပြီး စီးနင်းမယ့်လူတွေဟာ အခက်အခဲ၊ အဆင်မပြေမှုတွေနဲ့ လုံခြုံစိတ်ချရမှုကို အရင်ဆုံး စမ်းသပ်စီးနင်းပေးရတာ ဖြစ်ပါတယ်။ အမှားအယွင်းတစ်ခုခုသာဖြစ်မယ်ဆို အသက်ပေးလိုက်ရမယ့် စမ်းသပ်မှုပါပဲ။

Source - Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။